တောင်ကိုရီးယားမင်းသမီးကြီး Kim Hae Sook ဟာဆိုရင် အသက်ငယ်ရွယ်စဉ်ကတည်းက ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ် ။ သူမက ဇာတ်လမ်း အမျိုးအစားမျိုးစုံမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

Google
Google

မင်းသမီးကြီး Kim Hae Sook က ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး ဂရုစိုက်တတ်တဲ့ မိသားစုကနေ ပေါက်ဖွားကြီးပြင်းလာတဲ့သူဖြစ်ပါတယ်။ Kim Hae Sook က သူနာပြုတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့တာဖြစ်ပြီး ဆိုးလ်မြို့ကို သွားကာ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ သူဖြစ်ပါတယ်။

Google

Kim Hae Sook က ချစ်ဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူမရွေးခဲ့တဲ့ လမ်းကြောင်းကို ဘယ်တော့မှ နောင်တ မရတဲ့သူဖြစ်ပါတယ်။ Kim Hae Sook က သားသမီးတွေအတွက်ဆို အမြဲတမ်း လိုလိုလားလားနဲ့ မေတ္တာပေးတတ်တဲ့ မိခင်ကောင်းတစ်ယောက်လို့လည်း သိရပါတယ်။ Kim Hae Sook က သမီးလေးနှစ်ယောက်ရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ သမီးလေးတွေအကြောင်းကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ ခင်ပွန်းဖြစ်သူကိုလည်း မည်သူမည်ဝါဖြစ်တယ်လို့ မပြောထားတာကြောင့် တချို့ကလည်း Kim Hae Sook က ခင်ပွန်းဖြစ်သူနဲ့ ကွဲထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Google
Google
Google

Kim Hae Sook က လူငယ်သရုပ်ဆောင်ဘဝကနေ အမေအခန်းတွေ ရိုက်ရတဲ့ လူကြီးသရုပ်ဆောင် အဖြစ်အထိ ဇာတ်လမ်းပေါင်းများစွာမှာ နာမည်ကြီးတဲ့ သူဖြစ်ပါတယ်။

Google

National mother လို့တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီးကြီး Kim Hae Sook က လက်ရှိမှာ အသက် ၆၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၄၈ နှစ်ကြာအောင် အနုပညာအလုပ်တွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့ တောင်ကိုရီးယားမင်းသမီး Kim Hae Sook ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။