တောင်ကိုရီးယားမင်းသမီး Ko Hyun-jung ဟာဆိုရင် မကြာသေးမီက သူမရဲ့ပုံရိပ်လေးကို ပရိသတ်တွေဆီကိုဝေမျှပေးခဲ့ပါတယ်။

Google

အောက်တိုဘာလ  ၇ ရက်နေ့တုန်းက Ko Hyun-jung က သူမရဲ့ အေဂျင်စီရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ဗီဒီယိုလေးတစ်ခုကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Google

ဗီဒီယိုလေးထဲမှာ Ko Hyun-jung က မျက်နှာလေးကို လက်လေးနဲ့ဖုံးထားပြီး ပရိသတ်တွေကို သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေး ဝေမျှပေးခဲ့ပါတယ်။ 

Ko Hyun-jung က အနက်ရောင်ကုတ်အင်္ကျီလေးကို ဝတ်ထားပြီး ဆံပင်လေးကလည်း ဖြောင့်ဖြောင့်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေပါတယ်။ 

Google

အသက်မွေးဝမ်းကျောင်းလုပ်ငန်း အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်၁၉၉၅ ခုနှစ်မှာ Ko Hyun-jung ဟာ Shinsegae Group ရဲ့ စီးအီးအိုနဲ့ လက်ထပ်ခဲ့ပါတယ်။ 

Google

လက်ထပ်ပြီးနောက်မှာ Ko Hyun-jung က အနုပညာလောကကနေ အနားယူခဲ့ပြီး သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ လက်ထပ်ပြီး၈ နှစ်အကြာမှာ Ko Hyun-jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးသားသမီး နှစ်ယောက်ကိုပါထပ်တွေ့ခွင့်မရခဲ့ပါဘူး။ Ko Hyun-jung  က အချိန်ကြာမြင့်စွာ ဆိုးရွားလွန်းတဲ့ အတိတ်တွေထဲမှာ ပိတ်မိပြီးနောက်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

Google
Google 

Ko Hyun Jung က ဗီလိန်ဇာတ်ရုပ်တွေ များစွာမှာ သရုပ်ဆောင် ဖူးတဲ့သူဖြစ်တာကြောင့် သူမကို တော်တော်များများက အပေါက်ဆိုးတဲ့သူလို့ ထင်ကြပါတယ်။ Ko Hyun Jung ရဲ့ ကင်မရာနောက်ကွယ်က ဇာတ်ရုပ်အမှန်က ချစ်ဖို့ကောင်းလွန်းပြီး သဘောကောင်းပါတယ်။

Google
Google

 Ko Hyun Jung က လက်ရှိမှာ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပြီးငယ်ရွယ်နုပျိုနေဆဲပဲ ဖြစ်ပါတယ်။ Ko Hyun Jung က ပြီးခဲ့တဲ့နှစ်တုန်းကလည်း JTBC ရဲ့ ဒရမ်မာဖြစ်တဲ့Reflection of You မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။