ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာလောကမှာလည်း အောင်မြင်မှုတွေ ရထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို ကိုယ်ကျိုးစွန့်ပြီး အလှူအတန်းလည်း ရက်ရောလွန်းတာကြောင့် ပရဟိတမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။


ခိုင်နှင်းဝေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံထားရတဲ့ ကလေးလေးတွေကိုလည်း ဖခင်ရော မိခင်လိုပါမေတ္တာအပြည့်နဲ့ စောင့်ရှောက်နေသူလည်းဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက ကန်ဘောင်မှာ စွန့်ပစ်ခံရတဲ့ကလေးလေးကို ထပ်မံမွေးစားလိုက်တာပဲ ဖြစ်ပါတယ်။


ခိုင်နှင်းဝေက " မြောက်ဥက္ကလာ အောင်မင်္ဂလာ ကန်ဘောင်ပေါ် မှာ မွေးကင်းစ သမီးလေး တစ်ဦးကို စွန့်ပစ်သွားကြောင်း ရပ်ကွက်မှ တာဝန်ရှိ လူကြီးများ နှင့် "ထာဝရ အလင်းတန်း" ပရဟိတ အသင်း မှ ဆက်သွယ်လာတဲ့ အတွက် လက်ခံ စောင့်ရှောက်ဖြစ်ပါတယ်ရှင်... " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထပ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။


သတင်းအရင်းမြစ်: Khine Hnin Wai's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။