ဘောလိဝုဒ်နာမည်ကျော် စုံတွဲလေးဖြစ်တဲ့ Alia Bhatt နဲ့ Ranbir Kapoor တို့ဟာဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူတို့ရဲ့ ရင်သွေးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရင်သွေးလေးက သမီးဦးလေးဖြစ်တယ်လို့ သိရပြီး ရင်သွေးလေးကို HN Reliance ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ 

Google
Google

Alia Bhatt နဲ့ Ranbir Kapoor တို့က အခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး လူတိုင်း ချစ်ခင်အားကျခဲ့ရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ပရိသတ်အချစ်တော် စုံတွဲလေးက လက်ရှိမှာ သမီးဦးလေးကိုတောင် ရရှိပိုင်ဆိုင်သွားပြီ ဖြစ်တာကြောင့် ပရိသတ်တွေ အားလုံးက အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေကြပါတယ်။

Instagram 
Google

Alia Bhatt ဟာဆိုရင်လည်း သူမရဲ့ အင်စတာဂရမ်စာမျက်မှာပေါ်မှာ  သမီးလေးကို ရရှိပိုင်ဆိုင်ခဲ့ရလို့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ကြောင်း စာလေးတွေကို ရေးပြီးတင်ခဲ့ပါတယ်။

Google
Google
Google

နှစ်ဦးနှစ်ဖက် အဘိုးအဘွားတွေ ဘက်ကလည်း မြေးမလေးကို အသဲတုန်အောင် အချစ်ပိုနေကြပါတယ်။

Google

မွေးကာစကတည်းက အချစ်ပိုခံနေရတဲ့ ဘောလိဝုဒ် နာမည်ကျော် စုံတွဲ Alia Bhatt နဲ့ Ranbir Kapoor တို့ရဲ့ သမီးလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။