တောင်ကိုရီးယားမင်းသား Kwon Sang-woo ဟာဆိုရင် ဖခင်ဖြစ်သူထက် အများကြီးပိုချောပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့ ချစ်စရာသားလေးကို ထုတ်ကြွားလိုက်ပါတယ်။ မင်းသား Kwon Sang-woo ဟာဆိုရင် နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ရုံသာမက Natural Tears လို့ခေါ်တဲ့ အလှကုန်ကုမ္ပဏီရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Google

Kwon Sang-woo က လက်ရှိမှာ အနုပညာ အလုပ်တွေထက် စီးပွားရေးကို ပိုပြီး ဦးစားပေးဖြစ်နေပြီး သားတွေနဲ့ အတူ ပျော်စရာကောင်းလွန်းလှတဲ့ ဘဝကြီးမှာ နေထိုင်လျက်ရှိပါတယ်။ Kwon Sang-woo က ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ချစ်စရာသားလေးတစ်ယောက်နဲ့ သမီးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google
Google

Kwon Sang-woo ရဲ့ သားလေး က ဖေဖော်ဝါရီလ ၆ ရက်နေ့ ၊ ၂၀၀၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ လက်ရှိမှာသူ့ရဲ့ အသက်က ၁၃ နှစ်တောင်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ Kwon Sang-woo က မကြာသေးမီက သားလေးနဲ့ စားသောက်ဆိုင်မှာ မုန့်စားနေတဲ့ ပုံရိပ်လေးကို ဝေမျှပေးလာခဲ့ပါတယ်။ 

Google

ဓာတ်ပုံလေးထဲမှာ Kwon Sang-woo ရဲ့ သားလေးက ချောမောလွန်းနေပြီး ကြည့်လို့ ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေက ဖခင်ထက်တောင် ချောတဲ့သားလေးလို့ ပြောထားကြပါတယ်။

Google
Google
Google

တောင်ကိုရီးယားမင်းသား Kwon Sang-woo က အချစ်လှေကားထစ်လေးများ ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အသက်က ၄၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။