EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Luhan နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ Guan Xiaotong နဲ့လက်ထပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ တရုတ်မီဒီယာတွေဆီကလာတဲ့ သတင်းတွေအရ Luhan နဲ့ သူ့ရဲ့ကောင်မလေးတို့ဟာ ငါးနှစ်လောက်တွဲခဲ့ပြီးမှာတော့ နိုဝင်ဘာ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့စုံတွဲဟာ နောက်နှစ်ထဲမင်္ဂလာဆောင်သွားမှာဖြစ်ပြီး Luhan က သူ့ရဲ့ကောင်မလေးနဲ့အတူနေဖို့ ဘေဂျင်းမှာဇိမ်ခံအိမ်ကြီးဝယ်ထားပြီးဖြစ်ကာ သူ့ကောင်မလေးကိုတင်တောင်းတုန်းကလည်း ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိတဲ့ လက်ဆောင်တွေနဲ့ တင်တောင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေဟာ တရုတ်ဒေသတွင်းမီဒီယာတွေကနေလာတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေဖြစ်ကာ သူတို့တကယ်လက်ထပ်, မထပ်ကိုတော့ Luhan ဘက်ကရော၊ သူ့ကောင်မလေးဘက်ကရော တရားဝင်ထုတ်ပြန်အတည်ပြုတာမျိုး မရှိသေးပါဘူး။

တဖက်မှာလည်း Luhan နဲ့ Guan Xiaotong တို့နှစ်ဦးဟာ ၂၀၁၇ လောက်ကတည်းက သူတို့တွဲနေကြောင်း လူသိရှင်ကြားအသိပေးခဲ့ပါသေးတယ်။

Photos-credit

သတင်းအရင်းမြစ်: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။