နာမည်ကျော် အဆိုတော် သရုပ်ဆောင် Selena Gomez ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူ Justin Bieber နဲ့လမ်းခွဲဖြစ်တဲ့ခံစားချက်ကို အထူးတလည် ပြန်လည်ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအကြောင်အရာလေးကို Selena ကApple TV+ documentary “My Mind and Me မှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Google

Selena Gomez က အရာအားလုံးကို လူသိရှင်ကြားပြုလုပ်ခဲ့တာကြောင့် အတိတ်တုန်းက အချစ်ရေးနဲ့ပတ်သက်ပြီး ပိတ်လှောင်ထားသလို ခံစားခဲ့ရကြောင်း၊ လူတိုင်းကလည်း သူမရဲ့ဆက်ဆံရေးကို မပျက်စီးစေလိုခဲ့ကြောင်း ၊ဒါပေမယ့်လည်း သူမအနေနဲ့ အကောင်းဆုံးကျော်လွှားနိုင်ခဲ့ကြောင်း၊ ဘယ်အရာကိုမှ မကြောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ 

Google

Selena Gomez က အဲဒီအချိန်ကာလတုန်းက ခံစားချက်တွေက သူမအတွက် အမှောင်ထဲမှာ အလင်းရောင်ကို တွေ့ခဲ့သလိုမျိုးခံစားချက်ဖြစ်ကြောင်း ၊ အဆိုးရွားဆုံး အသည်းကွဲဝေဒနာကို ခံစားရပြီးနောက်မှာ အရာအားလုံးကို မေ့ပစ်လိုက်နိုင်ကြောင်း၊ အတိတ်ကခံစားချက်တွေက အရမ်းကိုဆိုးတဲ့ ခံစားချက်ဖြစ်ကြောင်း ၊ ဒါပေမယ့်လည်းဒါက ဖြစ်လာဖို့ လိုအပ်လို့ ဖြစ်လာခဲ့တဲ့ အရာဖြစ်ကြာင်း ၊ နောက်ဆုံးတော့လည်း လမ်းခွဲခဲ့တဲ့ကိစ္စက သူမ ကြုံဖူးသမျှထဲမှာ အကောင်းဆုံးအရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 

Google

Selena Gomez ဟာဆိုရင် Justin Bieber နဲ့ စတင်တွဲခဲ့စဉ်ကတည်းက အကြိမ်ရေ မရေတွက်နိုင်လောက်အောင်လမ်းခွဲခဲ့တဲ့သူဖြစ်ပြီး နောက်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ်မှာ လုံးဝလမ်းခွဲခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

Justin Bieber ကလည်း  Selena Gomez နဲ့လမ်းခွဲပြီးနောက်မှာ  Hailey Baldwin နှင့် လက်ထပ်ခဲ့ပါတယ်။  

Google
Google

 Selena Gomez ဟာဆိုရင် မကြာသေးမီက ဖက်ရှင်ပါတီတစ်ခုမှာ ရည်းစားဟောင်း Justin Bieber ရဲ့ အမျိုးသမီးဖြစ်တဲ့ Haley Bieber နဲ့တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စွာ ဖက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုတောင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါသေးတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။