တရုတ်နိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ Guangxi ပြည်နယ်က တရုတ်အမျိုးသားတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ သန်း၃၀ ကျော်ထီဆုကြီးကို ရရှိကံထူးခဲ့ပေမယ် ထီဆုကို သွားထုတ်တဲ့အချိန်မှာ မျက်နှာမမြင်အောင် အရုပ်ဝတ်စုံဝတ်သွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားရဲ့နာမည်က မစ္စတာလီဖြစ်တယ်လို့ပဲ သိရပြီး အခြားအကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ 

Google

မစ္စတာလီက အဝါရောင် mascot ဝတ်စုံကို ဝတ်ထားပြီး ဆုကြေးငွေတွေကို မိသားစုဝင်တွေမသိအောင် ထုတ်ခဲ့ရတဲ့အကြောင်းအရင်းကိုလည်း ရှင်းပြခဲ့ပါတယ်။ 

Google

မစ္စတာလီက Guangxi Welfare ထီကို ၁၀ နှစ်တိုင်အောင် ဇွဲရှိရှိထိုးခဲ့တာဖြစ်ပြီး သူအမြဲသုံးလေ့ရှိတဲ့ ဂဏန်းတွေက02-15-19-26-27-29-02 တို့ဖြစ်တယ်လို့ သိရပါတယ်။ 

Google

မစ္စတာလီ ထီဆုကံထူးတဲ့အကြောင်းကို မိသားစု ဝင်တွေသိမှာစိုးရိမ်ကြောင်း ၊ ထီပေါက်တဲ့အကြောင်းကို မိန်းမနဲ့ကလေးတွေကို မပြောလိုကြောင်း ထပ်ဆောင်းပြောထားပါတယ်။ 

Google

မစ္စလီက သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ ထီပေါက်တဲ့အကြောင်း သိပြီးနောက်မှာ ဘဝမြင့်သွားမှာ စိုးရိမ်ကြောင်း ၊သားသမီးတွေလည်း ပညာရေးကို ကြိုးစားမှာ မဟုတ်သလို အလုပ်လည်းသွားလုပ်တော့မှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။  မစ္စတာလီက ကံထူးတဲ့ဆုငွေအချို့ကို လှူဒါန်းခဲ့ပြီး အခြား ကျန်ငွေတွေကိုလည်း လိုအပ်သလို အသုံးပြုသွားမယ်လို့ သိရပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။