တောင်ကိုရီးယားနိုင်ငံဟာ အလှအပရေးရာနဲ့ပတ်သက်ပြီး အရမ်းကို အသေးစိတ်ဆန်လွန်းပြီး အလှတရားကိုမြတ်နိုးတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တောင်ကိုရီးယားလို နိုင်ငံမှာ ချောမောလှပစွာမွေးဖွားလာတဲ့သူတွေအဖို့ကတော့ တကယ်ကို ဘုရားပေးတဲ့ ဆုလာဒ်ကြီးပဲဖြစ်ပါတယ်။ 

Google

မကြာသေးမီကလည်း Jeon Chang Ha ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးနေပါတယ်။ Jeon Chang Ha က တောင်ကိုရီးယား Tiktok ၊ Youtube နဲ့  Instagram တို့မှာ နာမည်ကြီးတဲ့သူဖြစ်ပြီး ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့သူဖြစ်ပါတယ်။ 

Google
Google

Jeon Chang Ha က အောက်တိုဘာ ၂၃ ရက်နေ့တုန်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “Daejong Film Awards, fight” ဆိုတဲ့ စာသားနဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ Jeon Chang Ha က အဆိုပါ ဗီဒီယိုကို 58th Daejong Film Awards  ရဲ့ Ambassador တစ်ဦးအနေနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။

Google
Google

Jeon Chang Ha ရဲ့ ဗီဒီယိုကို မြင်ပြီးပြီးချင်းမှာ Netizen တွေက သူ့ရဲ့ရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီး အရုပ်တစ်ရုပ်များဖြစ်နေမလားလို့ ထင်ကြေးပေးထားပါတယ်။ ချောမောလွန်းနေတာကြောင့် Jeon Chang Ha ကို တချို့ပရိသတ်တွေက ကြားခံ application တစ်ခုခုကို သုံးပြီး မျက်နှာပြင်ထားတယ်လို့လည်း ဝေဖန်ထားကြပါတယ်။ 

Google

Jeon Chang Ha ဟာဆိုရင် First Love Only Third ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူလည်းဖြစ်ပါတယ်။  မျက်နှာက ချောမောလွန်းနေတာကြောင့်  Jeon Chang Ha  ကို AI စက်ရုပ်လေးလားလို့တောင်မေးခွန်းထုတ်ထားကြပါတယ်။ 

Google
Google

Jeon Chang Ha ကို Netizens တွေက “TikTok မှာ တွေ့တုန်းက အရုပ်လို့ထင်နေတာ အပြင်မှာတွေ့တော့မှလူမှန်းသိတာ .. ၊ အပြင်မှာ ပိုချောတာ၊ AI နဲ့ဖန်တီးထားတာထက်တောင် ပိုချောတယ် ၊ AI လေးလို့ထင်နေတာ တကယ့်လူတဲ့လား ချောလိုက်တာ “ စတဲ့ မှတ်ချက်တွေ အမြောက်အများပေးထားကြပါတယ်။ 

SOURCE- Dispatch 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။