ခိုအားလားမင်းသမီးလေးလို့ မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ တောင်ကိုရီးယားမင်းသမီး နမ်ဆမ်မီ ဟာဆိုရင် စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ဖူးပေမယ့် သူမရဲ့ အလှကို လာရောက်ကြည့်ရှုသူ များပြားတာကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။  

Google

မင်းသမီး နမ်ဆမ်မီ က သရုပ်ဆောင်အဖြစ်ပွဲဦးထွက်ခင်က Hanyang တက္ကသိုလ် အနီးမှာရှိတဲ့ Lotteria စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ အချိန်ပိုင်းအလုပ်လုပ်နေစဉ်မှာ လူတစ်ယောက်က သူမရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာကြောင့် ဆိုင်ကိုလာရောက်ကြည့်သူ များပြားပြီးသူမကိုတွေ့ဖို့ တကူးတက စားသောက်ဆိုင်ကို လာလည်တယ်လို့ သိရပါတယ်။ 

Google

နမ်ဆမ်မီကစားသုံးသူတွေကို ပိုမိုများလာအောင် ဆွဲဆောင် နိုင်ပေမယ့် စားသောက်ဆိုင်ရောင်းအားတိုးမလာဘူးလို့ သိရပါတယ်။ လူအများက နမ်ဆမ်မီကိုကြည့်ဖို့အတွက်ဆိုင်ကို အုပ်စုလိုက်လာကြပြီး ဟမ်ဘာဂါတစ်လုံးတည်းကိုသာ မှာစားကြတာကြောင့် ဆိုင်မှာ လူများပြီး ပွဲမစည်ဖြစ်ခဲ့ပါတယ်။ 

Google
Google

ဒါကြောင့်ဆိုင်ရှင်အနေနဲ့ နမ်ဆမ်မီကို အလုပ်ထုပ်ခဲ့တာလို့ သိရပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး နမ်ဆမ်မီက၂၀၀၃ ခုနှစ်နှောင်းပိုင်းမှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကို သိမ်းကြုံးရရှိခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။