တောင်ကိုရီးယားအနုပညာရှင် စုံတွဲတွေဟာဆိုရင် တွဲဖက်သရုပ်ဆောင်တွေအဖြစ် တွေ့စုံခဲ့ကြပြီး အချင်းချင်း ပြန်ကြိုက်ခဲ့ကြတဲ့ဖြစ်ရပ်တွေလည်း ရှိပါတယ်။ 

Google

တောင်ကိုရီးယားမင်းသား Joo Sang Wook နဲ့ မင်းသမီး Cha Ye Ryeon တို့ဟာဆိုရင်လည်း ၂၀၁၅ ခုနှစ်တုန်းကMBC ဒရမ်မာဖြစ်တဲ့ Glamorous Temptation မှာ အတူတွဲ သရုပ်ဆောင်ပြီးနောက်မှာ ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ 

Google

စိတ်ဝင်စားဖို့ကောင်းတာက သူတို့စုံတွဲလေးက ဒရမ်မာ ဇာတ်လမ်းတွဲရိုက်နေရင်း ပထမဦးဆုံးနေ့မှာပဲ နမ်းတဲ့ဇာတ်ဝင်ခန်းကို ရိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

Google

တစ်ယောက်ကိုတစ်ယောက် မသိကြသေးခင် အခုလိုမျိုး နမ်းတဲ့ ဇာတ်ဝင်ခန်းရိုက်တာက သူတို့အတွက်လည်းပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Joo Sang Wook နဲ့ Cha Ye Ryeon တို့က အဆင်မပြေတဲ့ခြေလှမ်းတွေနဲ့ စတင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ညှိနှိုင်းဆောင်ရွက်မှုအား ကောင်းခဲ့တာကြောင့် ချစ်သူတွေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

သူတို့နှစ်ဦးတွဲနေပြီဆိုတဲ့ သတင်းကိုတော့ ၂၀၁၆ ခုနှစ်မှာတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ကျင်းပခဲ့တဲ့အချိန်ကတော့ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။ 

Google
Google
Google

မင်းသမီး Cha Ye Ryeon က ၂၀၁၈ ခုနှစ်မှာ သမီးလေးတစ်ယောက် ဖွားမြင်ခဲ့ပြီး သူမရဲ့ ပျော်ရွှင်စရာနေ့ရက်အကြောင်းလေးတွေကို အမြဲတမ်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလေ့ရှိပါတယ်။ 

Google
Google
Google

လက်ရှိမှာတော့မင်းသား Joo Sang Wook နဲ့ မင်းသမီး Cha Ye Ryeon တို့ နှစ်ယောက်စလုံး အနုပညာအလုပ်တွေလုပ်တာ သိပ်ပြီးမတွေ့ရတော့ပါဘူး။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။