တောင်ကိုရီးယားမင်းသမီး Kim Sae Ron ဟာဆိုရင် ကလေး ဘဝအရွယ်ကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ Kim Sae Ron ရဲ့ ငယ်ဘဝ အချိန်တွေ အားလုံးဟာလည်း သရုပ်ဆောင်အဖြစ်သာ ဖြတ်သန်းခဲ့ရတာဖြစ်လို့ သူမရဲ့ဘဝက သာမန်လူတွေထက်တော့ အထီးကျန်ပါတယ်။ 

Google

Kim Sae Ron က မကြာသေးမီက အရက်သောက်ပြီး ကားမောင်းခဲ့တာကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် Kim Sae Ron ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး လျော်ကြေးငွေတွေလည်း ပေးဆောင်ခဲ့ရပါတယ်။ 

Google

Kim Sae Ron က အဆိုပါ မတော်တဆမှုကြီး ဖြစ်ပွားပြီးနောက်မှာ သူမတစ်သက်သာ စုထားသမျှတွေကို လျော်ကြေးပေးခဲ့ရတာကြောင့် လက်ရှိမှာ အချိန်ပိုင်း အလုပ်လုပ်နေရတယ်လို့ YouTuber Lee Jin Ho က ဖော်ပြထားပါတယ်။  

Google

Wikitree ရဲ့ အဆိုအရ မင်းသမီး Kim Sae Ron က လက်ရှိကော်ဖီဆိုင်မှာ အချိန်ပိုင်း အလုပ်သမားအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ Kim Sae Ron က သူမစုထားတဲ့ ပိုက်ဆံတွေ အားလုံးကို လျော်ကြေးငွေအတွက် အသုံးပြုခဲ့ရတာဖြစ်လို့ လက်ရှိမှာ ဝင်ငွေနည်းနေပြီး စိတ်ထွက်ပေါက်တစ်ခုရကာ မွန်းကြပ်နေမှုများကို ဖြေဖျောက်ဖို့ အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google
Google

Kim Sae Ron အချိန်ပိုင်း အလုပ်လုပ်နေတဲ့ နေရာကိုတော့ ဘယ်သူမှ မသိကြဘူးလို့ YouTuber  Lee Jin Ho က ဆိုပါတယ်။

Google

မင်းသမီး Kim Sae Ron က ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဆိုပေမယ့် မိဘကို မမှီခိုဘဲ သူမတစ်ယောက်တည်းရဲ့ခွန်အားနဲ့ ကြိုးစားနေတဲ့ သူဖြစ်ပါတယ်။

Source - Kdramastars 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။