ထိုင်းနာမည်ကြီး မင်းသမီး Wannarot Sonthichai ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံ အီထယ်ဝန်မှာ ကျင်းပတဲ့ သရဲများနေ့ ပွဲတော်အခမ်းအနားပွဲမှာ ကိုယ်တိုင်ကိုယ်ကျရှိနေခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

Wannarot Sonthichai က အောက်တိုဘာလ ၂၉ ရက်နေ့မှာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အီထယ်ဝန်ကလူပိသေဆုံးမှုကြီးထဲမှာ ပါဝင်သွားခဲ့တဲ့သူတွေရဲ့ အောင့်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့အကြောင်း ရေးတင်ခဲ့ပါတယ်။

Google

Wannarot Sonthichai က မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းမိကြောင်း ၊ သေဆုံးသူများအားလုံး ကောင်းရာဘုံဘဝကိုရောက်ရှိပါစေကြောင်း ၊ ဆုတောင်းစာလေးတွေ ရေးတင်ခဲ့ပါတယ်။ သူမက ဖြစ်ရပ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့တဲ့သူဖြစ်ပြီး သူမကိုယ်တိုင်လည်း တော်တော်လေး ယူကြုံးမရဖြစ်နေတယ်လို့ သိရပါတယ်။ 

Google
Google
Instagram

ထိုင်းနာမည်ကြီးမင်းသမီး Wannarot Sonthichai က လက်ရှိမှာ တောင်ကိုရီးယားနိင်ငံမှာ နေထိုင်နေတာဖြစ်ပြီး အီထယ်ဝန်က မတော်တဆမှု ဖြစ်စဉ်ကြီးမှာ သူမကိုယ်တိုင် ရှိနေခဲ့တာဖြစ်ပါတယ်။

Instagram

အီထယ်ဝန်က မတော်တဆမှုကြီးထဲမှာ ထိုင်း နိုင်ငံသား ၂၆ ယောက်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

Google

ထိုင်းမင်းသမီး Wannarot Sonthichai က The Charming Step Mom နဲ့ Take Me Home ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။