T-ara အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Han Areum ဟာဆိုရင် မိသားစုဝင်အသစ်လေးကို ဖိတ်ခေါ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ Han Areum က ကိုယ်ဝန်ရှိနေတဲ့ လက်ရှိပုံရိပ်လေးကို ဝေမျှပေးလာတာဖြစ်ပြီး အခုတစ်ကြိမ်က သူမအတွက် ဒုတိယမြောက်ရင်သွေးလေး ဖြစ်ပါတယ်။ 

Google
Google

Han Areum က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မနက်ဖြန်ဆိုရင် သူမကိုယ်ဝန်က ၃၁ ပတ် ရှိနေပြီဖြစ်ကြောင်း ၊ ထိုင်နေရာမှ ထလိုက်ရင် သေမလို ခံစားရကြောင်း ၊ ရင်သွေးလေးကို မြန်မြန်မွေးချင်နေပြီဖြစ်ကြောင်း ၊ ဒါပေမယ့် ကလေးလေး ကျန်းကျန်းမာမာ မွေးဖွားလာဖို့က အဓိကဖြစ်ကြောင်း ၊ ဒုတိယသားလေးနဲ့တွေ့ရဖို့ ၅၆ ရက်ပဲ ကြာတော့တာဖြစ်ကြောင်း စာလေး ရေးတင်ခဲ့ပါတယ်။ 

Google
Google 
Google

Han Areum က သူမရဲ့ ပထမသားလေးကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မွေးဖွားခဲ့တာဖြစ်ပါတယ်။

Google
Google
Google

လက်ရှိမှာဆိုရင်တော့ သူမရဲ့ ဒုတိယ သားဦးလေးကိုတောင် ရရှိပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။