နန်းတွင်းရတနာဇာတ်လမ်းတွဲထဲမှာ ချန်ဂင်မင်းသမီးကြီးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး လီယောင်အေး ဟာဆိုရင် အီထယ်ဝန်သရဲများနေ့ပွဲတော်မှာ သေဆုံးခဲ့တဲ့ ရုရှားလူမျိုးကောင်မလေးရဲ့ ရုပ်အလောင်းကိုငွေကြေးအကုန်အကျခံပြီး မူရင်းနိုင်ငံကို ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။  

Google

မကြာသေးမီက အီထယ်ဝန်ကသရဲများနေ့ပွဲတော်မှာ သေဆုံးခဲ့တဲ့ ရုရှားနိုင်ငံသူလေး Park Juliana ရဲ့ဖခင်ကသမီးဖြစ်သူရုပ်အလောင်းကို နေရပ်ကိုပြန်သယ်ဖို့ ငွေကြေးမရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။ Park Juliana ရဲ့ ရုပ်အလောင်းကို ရုရှားကို ပြန်သယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Park Juliana ရဲ့ဖခင်က သမီးဖြစ်သူကို ရုရှားနိုင်ငံ ပြန်ခေါ်ချင်ပေမယ့် ဘိုးဘွားရိပ်သာမှာ အလုပ်လုပ်နေတဲ့သူဖြစ်တာကြောင့် ပြန်ခေါ်ဖို့ ငွေကြေး မတက်နိုင်ဘူးလို့ သိရပါတယ်။ 

Google
Google

ဖခင်ဖြစ်သူကြီးရဲ့ အခက်အခဲတွေကို ကြားပြီးနောက်မှာ တောင်ကိုရီးယား မင်းသမီး လီယောင်အေးက သူမတည်ထောင်ထားတဲ့ Korea Welfare Foundation ကနေတစ်ဆင့် ငွေကြေး အကုန်အကျခံပြီး ရုရှားမလေးရဲ့ ရုပ်အလောင်းကို ပြန်ပို့ပေးခဲ့ပါတယ်။ 

Google
Google

လက်ရှိအချိန်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အများစုက သူတို့နိုင်ငံသားတွေရဲ့ ဈာပနပွဲတွေအတွက် ကုန်ကျစားရိတ်တွေအားလုံးကို အကုန်အကျခံပေးလျက်ရှိပါတယ်။

Google

 အီထယ်ဝန်က သရဲများနေ့ပွဲတော်မှာ ဒဏ်ရာရ သေဆုံးသွားကြသူတွေထဲမှာ နိုင်ငံခြားသား ၁၄ ယောက်ပါဝင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။