သိပ်မကြာခင်ကမှာ ပြီးသွားခဲ့တဲ့ နာမည်ကြီးဒရမ်မာ Big Mouth မင်းသား Lee Jung Suk ရဲ့နောက်ထပ်ရုပ်ရှင်ဟာမကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Kim Rae Won နဲ့ Lee Jung Suk တို့ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ Decibel လို့နာမည်ပေးထားတဲ့ ရုပ်ရှင်ဟာမထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုရရှိနေခဲ့တာဖြစ်ပါတယ်။
Decibel ဟာဆိုရင် အက်ရှင်ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Kim Rae-Won ကရေတပ်ဦးစီးမှူးဟောင်း အဖြစ်သရုပ်ဆောင်ထားပြီး Lee Jongsuk ကတော့ဖောက်ခွဲရေးသမားအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာတော့ Lee Jongsuk ကဘောလုံးကွင်းနှင့် ရေပန်းဥယျာဉ်အပါအဝင် အများပြည်သူများ အပန်းဖြေနေသည့်နေရာများမှာ ဗုံးများတပ်ဆင်ထားကြောင်း Kim Rae-Won ကိုဖုန်းခေါ်ဆို ပြောကြားခဲ့ပြီး
ဗုံးတွေဟာ အနီးနားပတ်ဝန်းကျင်က အသံတွေက 100 decibels ကျော်သွားတဲ့အခါ ပေါက်ကွဲမယ့် "အသံဗုံး" ဗုံးတွေကိုတပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ရေတပ်ဦးစီးမှူးဟောင်း Kim Rae-Won အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဘယ်လို အသဲအသန်ကြိုးစားရသလဲတိုတာကို ကြည့်ကြရမယ့် ရုပ်ရှင်လဲဖြစ်ပါတယ်။
ရုပ်ရှင်ထဲမှာ မင်းသား Park Byungeun နဲ့ Jung Sanghoon တို့အပြင် နာမည်ကြီး idol မင်းသားဖြစ်တဲ့ Cha Eun Woo လည်း ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားတာတွေ့ရပါတယ်။ အခုကတော့ ရုပ်ရှင်ရဲ့ပိုစတာထွက်လာပြီဖြစ်ပြီး ရုပ်ရှင်ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Photos-credit
Source: Koreanwave
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။