တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ချစ်ဖို့ကောင်းပြီး ချောမောလှပလွန်းတဲ့ မျက်နှာသွင်ပြင်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့တဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားအနုပညာလောကမှာ Song Hye Kyo က ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး တောင်ကိုရီးယားမင်းသမီးလို့ပြောလိုက်တာနဲ့ကို အားလုံးက Song Hye Kyo ကိုပဲပြေးပြီးမြင်ကြပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Song Hye Kyo က “Autumn in Your Heart” နဲ့ “First Love” ဇာတ်လမ်းတွဲတွေနဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး ပွဲဦးထွက်ခါစမှာ ရုပ်ချောတဲ့သူမဟုတ်ပါဘူး။

Google
Google

Song Hye Kyo က ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့အတွက် အများကြီး ကြိုးစားခဲ့ရပြီး ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ Song Hye Kyo ရဲ့ ပြောင်းလဲမှု ပုံစံကို ဟိုးအရင်တုန်းကနဲ့ အခုပုံနဲ့ နှိုင်းယှဉ်ပြီး ကြည့်နိုင်ပါတယ်။ Song Hye Kyo က လက်ရှိမှာ အသက် ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အသက်ကြီးလေ ပိုချောလေ မျက်နှာကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

Google

ကွာရှင်းပြီးနောက်မှာ Song Hye Kyo က အခက်အခဲများစွာနဲ့ပြောင်းလဲသွားပြီး အရင်တုန်းကထက်လည်း ပိုပြီး ပိန်သွယ်သွားခဲ့ပါတယ်။

Google

အများကြီးပြောင်းလဲခဲ့ရတာကြောင့် ပရိသတ်တွေက သူမနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့ပေမယ့် Song Hye Kyo က စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အခက်အခဲတွေ အားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါတယ်။

Google
Google
Google

Song Hye Kyo က လက်ရှိမှာတောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း ကြယ်ပွင့်အနေနဲ့ရပ်တည်လျက်ရှိပြီး အသက် ၄၀ ကျော်ဝန်းကျင် မင်းသမီးတွေထဲမှာ ရှားမှရှား ထိပ်တန်း မင်းသမီး တစ်လက် ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။