တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ရဲ့အသုဘခမ်းမဆောင်တွေမှာ လူငယ်လေးတွေရဲ့ ရုပ်အလောင်းတွေနဲ့ ပြည့်လို့နေပါတယ်။ ရှည်လျားတဲ့ စင်္ကြန်လမ်းလေးရဲ့ အစွန်ဆုံးနေရာမှာ James ရဲ့မိဘတွေဖြစ်တဲ့ မစ္စတာ Sim နဲ့ သူ့ရဲ့အမျိုးသမီး ဖြစ်သူတို့ဟာ ဆိုရင်ခေါင်းမဖော်ဘဲ ညိုးငယ်စွာနဲ့ ထိုင်နေကြပါတယ်။ 

Google

အသုဘခမ်းမဆောင်အခန်းတွေထဲက တစ်ခန်းမှာ အသက် ၂၈ နှစ်အရွယ် James Sim ရဲ့ ရုပ်အလောင်းရှိနေပါတယ်။ ဘေးချင်းကပ်အခန်းမှာတော့ James ရဲ့ သူငယ်ချင်း Yoon ရဲ့ ရုပ်အလောင်းရှိနေပါတယ်။ မြို့တွင်းက နောက်ထပ် အသုဘခမ်းမဆောင်တစ်ခုထဲမှာတော့ James ရဲ့ သူငယ်ချင်း ရုပ်အလောင်းရှိနေပါတယ်။ 

Google

သူတို့တွေအားလုံးက အီထယ်ဝန်မှာ ကျင်းပခဲ့တဲ့ သရဲများနေ့ပွဲတော် အခမ်းအနားက ဟော်လိုးဝင်း ပါတီပွဲတော်ကို သူငယ်ချင်းတွေနဲ့အတူ စုပြီး သွားခဲ့ကြတာဖြစ်ပါတယ်။ အတူသွားဖို့အတွက် ဦးဆောင်ခဲ့တဲ့သူကတော့ သေဆုံးသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ James ပဲ ဖြစ်ပါတယ်။

Google

James နဲ့ သူ့ရဲ့ကောင်မလေးက ကြီးမားလှတဲ့ လူအုပ်ကြီးပိမိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ James ရဲ့ သူငယ်ချင်း နောက်ထပ် တစ်ယောက်ဖြစ်တဲ့ Yoon ဟာဆိုရင်လည်း သေဆုံးသူ စာရင်းထဲမှာပါဝင်ခဲ့တာဖြစ်လို့ စုစုပေါင်း သေဆုံးသူ ၅ ယောက်မှာ ၂ ယောက်သာ ရှင်သန်ခဲ့ပါတယ်။ 

Google

ချစ်ရတဲ့ သူငယ်ချင်းတွေအများစုကို ဆုံးရှုံးခဲ့ရတာကြောင့် အသက်ရှင် ကျန်ခဲ့တဲ့ သူငယ်ချင်း ၂ ယောက်ဟာဆိုရင်လည်း တော်တော်လေး ယူကြုံးမရ ဖြစ်နေပါတယ်။

Google
Google 

မိဘတွေအနေနဲ့လည်း သေဆုံးသွားတဲ့ သားသမီးတွေအတွက် များစွာ စိတ်မကောင်းဖြစ်နေပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တိုင်းအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ဘဲ ငိုရုံသာ တက်နိုင်တယ်လို့ ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။