တောင်ကိုရီးယားသရုပ်ဆောင်တွေ အများစုက အခုနှစ်မှာ မင်္ဂလာပွဲတွေ ကျင်းပပြီး သတင်းကောင်းတွေ ဆောင်ကျဉ်းလာခဲ့ပေးကြတာကို အားလုံးပဲ သိကြမှာပါနော်။ တောင်ကိုရီးယား အနုပညာရှင် စုံတွဲတွေ အများစုကလက်ထပ်ပြီး ပရိုဂရမ်လေးတွေထဲမှာ အတူပါကြသလို ၊ ခရီးတွေအတူတကွ ထွက်ခဲ့ပြီး ဓာတ်ပုံလေးတွေတင်ကာ ပျော်စရာတွေ အမြဲလိုလို မျှဝေပေးလျက်ရှိပါတယ်။ 

Google

အဲဒီထဲမှာ တောင်ကိုရီးယား သရုပ်ဆောင် Kim Woo-bin နဲ့ မင်းသမီး Shin Min-ah တို့ဟာဆိုရင်လည်း ၂၀၁၅ ခုနှစ်မှာ လူသိရှင်ကြားတွဲခဲ့ကြပြီး ၈ နှစ်ကြာ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြပါတယ်။

Google
Google

၂၀၁၇ ခုနှစ်တုန်းက မင်းသား Kim Woo-bin က လည်ချောင်းကင်ဆာရောဂါဖြစ်ပြီး ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ Shin Min-ah ဟာဆိုရင်လည်း သူမရဲ့ကောင်လေးကို မင်းသမီး တစ်ယောက်လိုမျိုးသာမက မိသားစုဝင် တစ်ယောက်လိုမျိုး ကိုယ်ဖိရင်ဖိ ပြုစုခဲ့ပါသေးတယ်။ 

Google

တောင်ကိုရီးယားမင်းသား Kim Woo-bin နဲ့ Shin Min-ah တို့က “Our Blues” ဇာတ်လမ်းထဲမှာ အတူတကွသရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Kim Woo-bin က လက်ရှိမှာနေကောင်းကျန်းမာပြီး အနုပညာ အလုပ်တွေ ပြန်လုပ်နေပြီဖြစ်ပေမယ့် သူ့ရဲ့ချစ်သူလေးနဲ့ အခုအချိန်အထိ လက်မထပ်ရသေးပါဘူး။

Google
Google

ပရိသတ်တွေက သူတို့နှစ်ဦးကို အမြန်ဆုံးလက်ထပ်စေချင်ပေမယ့်လည်း အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ငြိမ်နေတဲ့အပေါ် ပရိသတ်တွေက အားမလို အားမရ ဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။