မကြာသေးမီက တောင်ကိုရီးယားမင်းသမီး Han So Hee နဲ့ Park Seo Joon တို့ ပါတီပွဲမှာ ရှိနေတဲ့ ပုံရိပ်တွေ ပရိသတ်တွေကြားမှာ ပြန့်နှံ့လာခဲ့ပါတယ်။  တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် Park Seo Joon နဲ့ Han So Hee တို့က မကြာသေးမီက Gyeongseong Creature ဇာတ်လမ်းတွဲမှာ တူတူပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပါတီမှာ Park Seo Joon နဲ့ Han So Hee တို့က ပျော်ရွှင်စွာနဲ့ အတူတူ ရှိနေကြပြီး လိုက်ဖက်ညီလွန်းနေကြတာဖြစ်ပါတယ်။ 

Google

ပါတီပွဲက ဓာတ်ပုံထဲမှာ Han So Hee က မိတ်ကပ်အများကြီး မလိမ်းထားဘဲ ရိုးရိုးပုံစံလေးနဲ့တောင် အရမ်းကို ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ Park Seo Joon ရဲ့ ယောကျာ်းပီသမှုကြီးကလည်း ပြိုင်စံရှားဖြစ်နေပြီး မိန်းကလေးတွေတိုင်း ကြွေသွားလောက်စေမယ့် ပုံစံလေး ဖြစ်လို့နေပါတယ်။ 

Google
Google
Google

အရမ်းလှပြီး လိုက်ဖက်ညီလွန်းနေတာကြောင့် သူတို့နှစ်ဦး နောက်ဆုံး နှုတ်ဆက်ပါတီပွဲမှာ ဓာတ်ပုံအတူတူ ရိုက်ထားကြတဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ နာမည်ကြီးနေပြီး ရေပန်းစားလျက်ရှိပါတယ်။

Google
Google
Google

ပါတီပွဲမှာ ရင်းရင်းနှီးနှီးရှိနေကြတဲ့ တောင်ကိုရီးယားမင်းသမီး Han So Hee နဲ့ Park Seo Joon တို့ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။