တောင်ကိုရီးယားမင်းသမီးတွေဟာဆိုရင် အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းပြီး မြင်သူတိုင်းအားကျရတဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးတွေ ဖြစ်ပါတယ်။ သူတို့တွေက သရုပ်ဆောင်ကောင်းလွန်းတဲ့အပြင် မိက်ကပ်နဲ့ ဆံပင် အပြင်အဆင်ပိုင်းမှာလည်း လိုလေသေးမရှိအောင် ပြည့်စုံလွန်းတဲ့သူတွေ ဖြစ်ပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီးတွေထဲမှာ အမေနဲ့သမီးအခန်းကို တစ်ချိန်တည်းသရုပ်ဆောင်နိုင်တဲ့အထိ ရုပ်ပြောင်းရုပ်လွှဲတော်လွန်းပြီး နုပျိုလွန်းလှတဲ့သူတွေ ရှိပါတယ်။ အဲဒီထဲကမင်းသမီး အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ 

1.Jang Nara

Google

တောင်ကိုရီးယားမင်းသမီး Jang Nara ဟာဆိုရင် အသက် ၃၈ နှစ် နဲ့ အသက် ၂၀ နှစ်အရွယ် ပုံစံကို တစ်ပြိုင်နက်တည်း သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ အိမ်အလုပ်တွေ လုပ်ပြီး မိသားစုကို အချိန်ပေးဖြစ်နေတဲ့ မိခင်တစ်ယောက်အနေနဲ့သာမက အထက်တန်းကျောင်းတက်နေတဲ့ ငယ်ရွယ်တဲ့ကျောင်းသူကောင်မလေး အနေနဲ့ပါ ကောင်းမွန်ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ သရုပ်ဆောင် အရည်အချင်းကို ပရိသတ်တွေ များစွာက ချီးကျူးနေကြပါတယ်။

Google
Google
Google

တချို့ပရိသတ်တွေကလည်း Jang Nara က အသက် ၃၈ နှစ်ဆိုတာထက် အသက် ၂၀ အရွယ်နဲ့ပိုပြီး လိုက်ဖက်တယ်လို့ ဆိုကြပါတယ်။ မင်းသမီး Jang Nara ကျောင်းသူနဲ့ မိခင်အခန်းကို တစ်ပြိုင်နက်တည်း သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲနာမည်က Go Back Couple ပဲဖြစ်ပါတယ်။ 

2. Song Ji Hyo

Google

တောင်ကိုရီးယားမင်းသမီး Song Ji Hyo ဟာဆိုရင်လည်း ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Was It Love ဇာတ်လမ်းတွဲမှာ ကျောင်းသူဇာတ်ရုပ်နဲ့ မိခင်ဇာတ်ရုပ်ကို တစ်ပြိုင်နက်တည်း သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

Google

Song Ji Hyo က အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရှိရင်းစွဲအသက်ထက် ထက်ဝက်ကျော်ပိုပြီးငယ်တဲ့အရွယ်ကို ကောင်းမွန်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ 

3. Kim Tae Hee 

Google

မင်းသမီး Kim Tae Hee ဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ စံနမူနာ အလှဘုရင်မ တစ်ယောက်ဖြစ်ပြီး ကျောင်းသားဇာတ်ကောင်နဲ့ မိခင်ဇာတ်ကောင်နေရာကို တစ်ပြိုင်နက်တည်း သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

Google
Google

သူမက Hi Bye Mama ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ပြီး အသက်ကွာခြားတဲ့ ဇာတ်ကောင် နှစ်ယောက် နေရာကို တစ်ပြိုင်နက်တည်း သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။