တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် Lee Jihan ဟာဆိုရင် မကြာသေးမီက အီထယ်ဝန်လူပိသေဆုံးမှုကြီးမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Jihan က ဆုံးပါးသွားတာ မြန်ဆန်ပေမယ့် မပြီးပျက်သေးတဲ့ အလုပ်တွေအများကြီး ရှိခဲ့တဲ့သူဖြစ်ပါတယ်။ Lee Jihan က Produce 101 season 2 အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အသက်ငယ်ရွယ်နေစဉ်မှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

Lee Jihan က တောင်ကိုရီးယားမင်းသမီး Lim Soo Hyang နဲ့အတူ MBC ဒရမ်မာဖြစ်တဲ့ Kkokdu's Gye Jeol မှာပါဝင်သရုပ်ဆောင်ဖို့ လုပ်ထားတဲ့သူဖြစ်ပါတယ်။ 

Google

Kkokdu's Gye Jeol ဇာတ်လမ်းတွဲမှာ Lee Jihan က မင်းသမီး Lim Soo Hyang ရဲ့ ရည်းစားဟောင်းနေရာကနေပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး သေဆုံးမှုသာ မဖြစ်ခဲ့ရင် နောက်တစ်နေ့မှာ သူမနဲ့ တစ်နေ့လုံး ရိုက်ကူးရေးပြုလုပ်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Google

Lim Soo Hyang ကိုယ်တိုင်ကလည်း သတင်းကြားပြီးပြီးချင်းမှာ Jihan အတွက်များစွာ နှမြောမိနေပြီး ကြားရတာကိုတောင် မယုံကြည်နိုင်ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။ Jihan ရဲ့ အသုဘရင်ခွဲရုံကို မင်းသမီး Lim Soo Hyang ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ 

Google
Google 
Google

Lim Soo Hyang က Jihan ရဲ့ မိဘတွေနဲ့လည်းတွေ့ခဲ့ပြီး Jihan ရဲ့ မိဘတွေက သူမလက်ကိုကိုင်ပြီး သူတို့သားလေးအတွက် ဘယ်လောက်အထိ ဂုဏ်ယူခဲ့ကြလဲဆိုတာကို ပြောခဲ့တယ်လို့ သိရပါတယ်။ 

Google

Lim Soo Hyang ကသူမအနေနဲ့လည်း Jihan အခုလိုဖြစ်ခဲ့တာက သူမအနေနဲ့ ကောင်းကောင်းဂရုမစိုက်ခဲ့ရတာဖြစ်တယ်လို့ဆိုကာ ယူကြုံးမရဖြစ်နေပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။