အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အီထယ်ဝန်ကမတော်တဆမှုကြီးထဲမှာ လူငယ်အများစုသေဆုံးသွားခဲ့ပြီး အဲဒီထဲမှာ နာမည်ကြီးတချို့လည်းပါသွားခဲ့ပါတယ်။LG Twins နဲ့ KIA Tigers တို့ရဲ့ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောအသင်းက Cheerleader လေး Kim Yuna ဟာဆိုရင် အီထယ်ဝန်က လူအုပ်ပိသေဆုံး မှုထဲမှာ ပါဝင်သွားခဲ့ပါတယ်။ Kim Yuna က သေဆုံးသွားချိန်မှာ သူမရဲ့အသက်က ၂၄ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ Kim Yuna ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ LG Twins ရဲ့ Cheerleader အဖြစ်သော်လည်းကောင်း ၊ ၂၀၁၈ ခုနှစ်မှာ KIA Tigers ရဲ့ Cheerleader အဖြစ်သော်လည်းကောင်း ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

Kim Yuna က လူအုပ်ကြားထဲပိပြီး မဆုံးခင်မှာနောက်ဆုံးအနေနဲ့ သူမရဲ့မိဘတွေဆီကို ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။ Kim Yuna က မသေဆုံးခင်မှာ သူမ မိဘတွေကို အဖေနဲ့အမေရေ သမီးတောင်းပန်ပါတယ်လို့ ပြောခဲ့ပြီး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က Kim Yuna နောက်ဆုံး မိဘတွေကို နှုတ်ဆက်စကားပြောခဲ့တဲ့ အချိန်ဆိုလည်း မမှားပါဘူး။ 

Google
Google
Google
Google

Kim Yuna ရဲ့ ဈာပန အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး အင်တာနက်အသုံးပြုသူတွေ အများစုက Kim Yuna အတွက် ဆုတောင်းစကားတွေ အများအပြားရေးပေးထားကြပါတယ်။

Google
Google
Google
Google

ဟော်လိုးဝင်းညတုန်းက အီထယ်ဝန်မှာ ကြီးမားလှတဲ့ မတော်တဆမှုကြီး ဖြစ်ခဲ့ပြီး လူအယောက် ၁၅၄ ယောက် သေဆုံးခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။