တောင်ကိုရီးယားမင်းသမီး Kim Ha-neul ဟာဆိုရင် တစ်ခေတ်တစ်ခါက ဇာတ်ကားကောင်းများစွာနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ သူဖြစ်ပါတယ်။ Kim Ha-neul က မော်ဒယ်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့ သူဖြစ်ပြီး နောက်ပိုင်းမှ သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ Kim Ha-neul က သရုပ်ဆောင်ကောင်းမွန်ပြီး ပိုင်နိုင်လွန်းတာကြောင့် ဆုတွေလည်း အများကြီး ရရှိထားတဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

Kim Ha-neul က ၁၇၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူမရဲ့ လက်ရှိ အသက်က ၄၄ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Kim Ha-neul က ၂၀၁၆ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး လက်ရှိမှာ ရင်သွေးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ Kim Ha-neul က အသက် ၄၀ ကျော်အရွယ် ကလေးတစ်ယောက်အမေဖြစ်ပေမယ့် သူမရဲ့ပုံစံလေးက ငယ်ရုပ်မပြောင်းဘဲ ချောမောနေဆဲပဲ ဖြစ်ပါတယ်။ 

Google
Google
Google

အသက်အရွယ်က ကိန်းဂဏန်းတစ်ခုပဲဆိုတာကို ပြသခဲ့တဲ့ တောင်ကိုရီးယားမင်းသမီးကြီး Kim Ha-neul က လက်ရှိအချိန်အထိလည်း ဇာတ်ကားတွေထဲမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

Google

Kim Ha-neul နောက်ဆုံးပါဝင်ထားတဲ့ ဇာတ်ကားက ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Kill Heel ဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။