လွန်ခဲ့သော 18 နှစ်ကျော်လောက်က ရေပန်းစားခဲ့တဲ့ "Stairway to Heaven" အချစ်လှေကားထစ်လေးများ ကိုရီးယား ဇာတ်လမ်းတွဲလေးက ပရိသတ်တွေ အရမ်းကိုသဘောကျနှစ်သက်ပြီး မျက်ရည်လေးတွေကျပြီး ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ တော်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်မိသူတိုင်း မျက်ရည်မကျတဲ့သူမရှိပါဘူး။ အခုလက်ရှိမှာရော သူတို့တွေ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ကြည့်လိုက်ကြရအောင်....

Photo Credit : Popular.com

Kwon Sang Woo

Photo Credit : Popular.com

မင်းသားချော Kwon Sang Woo ကတော့ ယခုအချိန်ထိ ဇာတ်ကားသစ်များစွာနဲ့ အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ Kwon Sang Woo ရဲ့ နောက်ဆုံးထွက် ဒရာမာကတော့ "Delayed Justice" ဖြစ်ပါတယ်။ သူက 2008 ခုနှစ်တုန်းက Son Tae Young နဲ့ လက်ထပ်ခဲ့ပြီး လက်ရှိမှာတော့ သားနှစ်ယောက်နဲ့ သမီးတစ်ဦးနဲ့ အတူ ပျော်ရွှင်ဖွယ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Choi Ji Woo

Photo Credit : Popular.com

မင်းသမီးချောလေး Choi Ji Woo က တော့ အနုပညာလောကထဲက မဟုတ်တဲ့အမျိုးသားနဲ့ 2018 ကထဲက လက်ထပ်လိုက်တာဖြစ်ပြီး အနုပညာလောက ကနေ ခေတ္တအနားယူခဲ့ပါတယ်။ 2020 ခုနှစ် မေလမှာ သူမရဲ့ သမီးလေးမွေးဖွားခဲ့ပါတယ်။ ကလေးမွေးဖွားပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့ မင်းသမီးက "Crash Landing On You" ဇာတ်ကားမှာ ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Shin Hyun Joon

Photo Credit : Popular.com

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Hyun Joon ကတော့ ယနေ့အချိန်အထိ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ 2013 ခုနှစ်မှာ Shin Hyun Joon က Kim Kyung Mi နဲ့ လက်ထပ်ခဲ့ပြီး လက်ရှိမှာတော့ သားသမီး 3 ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Kim Tae Hee

Photo Credit : Popular.com

Kim Tae Hee ကတော့ လွန်ခဲ့တဲ့ 18 နှစ် လောက်ကတည်းက အနုပညာလောကမှာ နာမည်ကြီးခဲ့သူဖြစ်ပြီး အခုအချိန်ထိ သူမက ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ဆောင်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ရေပန်းစားနေဆဲဖြစ်ပါတယ်။ သူမက လက်ရှိမှာ Rain ရဲ့ ဇနီး ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို လေးစား ယုံကြည်မှုအပြည့်ရှိတဲ့ မင်းသမီးများစာရင်းမှာလည်း ပါဝင်နေပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။