တောင်ကိုရီးယားသရုပ်ဆောင် Hyeri ဟာဆိုရင် သူမနဲ့ Blackpink အဖွဲ့ဝင် Jisoo တို့ ခင်မင်ရင်းနှီးမှုအကြောင်းကို ပရိသတ်တွေဆီကို ဝေမျှပေးလာခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို Hyeri က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Kim Jisoo က ကော်ဖီကားလေးကို churros မုန့်လေးတွေနဲ့ ပို့ပေးလိုက်တယ်ဆိုတဲ့ စာသားလေးနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ 

Google
Google

Hyeri က Kim Jisoo  ကို “world tour နဲ့ မအားမလပ်ဖြစ်နေတဲ့အချိန်မှာတောင် လက်ဆောင်လေးကို ရအောင်ပို့ပေးခဲ့တဲ့ အတွက် ကျေးဇူးပါသူငယ်ချင်းရေ .. Jisoo က အကောင်းဆုံးပဲ .. ချစ်တယ် ငါ့ရဲ့သူငယ်ချင်းလေး”ဆိုတဲ့ စာသားလေးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ 

Instagram 
Instagram 
Instagram 

တောင်ကိုရီးယားမင်းသမီး Hyeri က မကြာသေးမီကလည်း BLACKPINK ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါသေးတယ် ။

Google

နှစ်ယောက်စလုံးက အချိန်စာရင်းတွေနဲ့ ပြည့်ကြပ်ပြီး မအားမလပ်ဖြစ်နေတာတောင် အခုလိုမျိုး အချင်းချင်း ဂရုစိုက်ပေးနေတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို အရမ်းအားကျနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။