အောက်တိုဘာလ ၃၀ ရက်နေ့မှာ တောင်ကိုရီးယား မိန်းကလေးများအဆိုတော်အဖွဲ့ Sugar ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ayumi က ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Ayumi ရဲ့မင်္ဂလာပွဲကို Sugar ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယားမင်းသမီး Hwang Jung-eum လည်း တက်ရောက်ခဲ့ပါတယ်။ 

Google

Hwang Jung-eum က ကလေးမီးဖွားပြီးနောက်မှာ ခန္ဓာကိုယ်ပြောင်းလဲလာခဲ့ပြီး ကိုယ် အလေးချိန်လည်း တိုးလာခဲ့ပါတယ်။ Hwang Jung-eum က မတ်လမှာ ဒုတိယမြောက်သားလေးကို မွေးဖွားခဲ့တာဖြစ်ပြီး ကိုယ်အလေးချိန်လည်း တက်လာခဲ့ပါတယ်။ 

Google

Hwang Jung-eum ကိုယ်တိုင်ကလည်း ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် ၂၀ Kg အထိတက်လာခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Hwang Jung-eum က လက်ရှိမှာ ကိုယ်အလေးချိန်လျော့ချဖို့အတွက် ကြိုးစားနေတာဖြစ်ပေမယ့် သူမရဲ့ အရင်တုန်းက ပုံစံကို မမှီနိုင်သေးပါဘူး။ 

Google 
Google 
Google

Hwang Jung-eum က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ဆောင်နေခြင်းမရှိဘဲ သားလေးတွေကို ထိန်းကျောင်းရင်းနဲ့သာ နေ့စဉ်ဘဝကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ မင်းသမီး Hwang Jung-eum ရဲ့ပုံစံက ဟိုးအရင်တုန်းကလိုမဟုတ်ဘဲ မျက်နှာက အစ်တစ်တစ်ဖြစ်နေတာကြောင့် ပရိသတ်တွေက သူမရဲ့မျက်နှာလေးကို နှမြောနေတာ ဖြစ်ပါတယ်။ 

Google
Google
Google

တောင်ကိုရီးယားမင်းသမီး Hwang Jung-eum က ၂၀၁၆ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဂေါက်ကစားသမား Lee Young-don နဲ့ လက်ထပ်ခဲ့ပြီး သားလေး နှစ်ယောက်ကို ဖွားမြင်ထားပါတယ်။

Google
Google

Hwang Jung-eum က The Escape of the Seven ဇာတ်လမ်းမှာ ပါဝင်သွားဖို့ ရှိပြီး ၂၀၂၃ ခုနှစ်မှာ ထွက်ရှိဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။