AfreecaTV ရဲ့နာမည်ကြီး သတင်းကြေညာသူဖြစ်တဲ့ Kim Ha-kong ဟာဆိုရင် အီထယ်ဝန်က အစုလိုက် အပြုံလိုက် သေဆုံးမှုကြီးထဲမှာ သူမရဲ့ သူငယ်ချင်း ပါသွားတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာခဲ့ပါတယ်။

Google

Kim Ha-kong က အီထယ်ဝန်ရဲ့သတင်းကို ကြားသိသိချင်းမှာ သူမရဲ့ သူငယ်ချင်းဆီကို အချိန်မီ ဖုန်းဆက်ပေမယ့်အဆက်အသွယ်မရခဲ့ဘူးလို့ဆိုပါတယ်။ Kim Ha-kong က စိတ်မကောင်းဖြစ်လွန်းလို့ သူမသတင်းလွှင့်မယ့်အချိန်စာရင်းတွေကို နှစ်ရက်တိတိဖျက်သိမ်းသွားမယ်လို့လည်း ပရိသတ်တွေကို အသိပေးထားပါသေးတယ်။

Google

Kim Ha-kong ရဲ့အသိပေးချက်ကိုသိသိပြီးချင်းမှာ ပရိသတ်တွေက နှစ်သိမ့်ပေးထားပြီး ကြားသိရတာ စိတ်မကောင်းတဲ့အကြောင်း ပြောခဲ့ပါတယ်။ Kim Ha-kong ဟာဆိုရင် ၂၀၁၈ ခုနှစ်တုန်းက AfreecaTV ရဲ့ Rookie Award ဆုကိုရရှိခဲ့ပြီး Youtube နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ 

Google
Google
Google
Google

တောင်ကိုရီးယားနိုင်ငံ အီထယ်ဝန်မှာ သရဲများနေ့ပွဲတော်အခမ်းအနား ကျင်းပနေစဉ်မှာ လူအများပိကျသေဆုံးမှုကြောင့် လူအယောက် ၁၅၄ ဦး ၊ အမျိုးသား ၅၆ ယောက်နဲ့ အမျိုးသမီး ၉၈ယောက် သေဆုံးခဲ့ပါတယ်။

Google

သေဆုံးသွားသူတွေထဲမှာ လူငယ်တွေ အများစု ပါဝင်ကြပြီး နာမည်ကြီးတွေနဲ့အနုပညာရှင်အချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။