အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံ အီထယ်ဝန်ရဲ့ သရဲများနေ့ပွဲတော်အခမ်းအနား အစုလိုက်အပြုံလိုက်သေဆုံးမှုကြီးမှာ Produce 101 Season 2 အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ Lee Jihan လည်းပါဝင်ခဲ့ပါတယ်။ အီထယ်ဝန်ရဲ့ သရဲများနေ့ပွဲတော် မတော်တဆမှုကြီးမှာ စုစုပေါင်း လူအယောက် ၁၅၀ ကျော်သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

Google

Lee Jihan က ကွယ်လွန်သွားချိန်မှာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။Lee Jihan ရဲ့ အသုဘအခမ်းအနားကို Myongji ဆေးရုံမှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Google

Lee Jihan က ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Producte 101 Season 2 မှာ ပါဝင်ခဲ့ဖူးပါတယ်။ Lee Jihan ဟာဆိုရင် Today Was Another Namhyun Day ဒရမ်မာထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Google

Lee Jihan ဟာဆိုရင် မကြာသေးမီတုန်းက MBC ရဲ့ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ဇာတ်လမ်းလေးက ဇန်နဝါရီလ ၊ ၂၀၂၃ ခုနှစ် မှာ ထွက်ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Google

အရွယ် မတိုင်ခင်မှာ ကွယ်လွန်သွားခဲ့တဲ့ကောင်လေး ကောင်းရာမွန်ရာရောက်ပါစေနော် ကလေးရေ  ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။