BIGBANG အဖွဲ့ဝင်ဖြစ်တဲ့ တောင်ကိုရီးအဆိုတော် Taeyang ဟာဆိုရင် သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာရှိတဲ့အကြောင်းအရာတွေအားလုံးကို ရုတ်တရက်ကြီး ဖြုတ်ချလိုက်ပါတယ်။ Taeyang က စစ်မှုထမ်းရာကနေ ပြန်လာပြီးကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘာအကြောင်းမှ မတင်တာကြောင့် ပရိသတ်တွေနဲ့ တော်တော်လေးအဆက်အသွယ်ပျက်နေတဲ့သူဖြစ်ပါတယ်။ 

Google

အောက်တိုဘာလ ၂၆ ရက်နေ့မှာ Taeyang က လူမှုကွန်ရက် စာမျက်နှာပေါ်က အကြောင်းအရာတွေအားလုံးကိုဖြုတ်ချခဲ့ပြီး ပရိုက်ဖိုင်ကိုလည်း အနက်ရောင် ပြောင်းခဲ့ပါတယ်။ Taeyang ဖြုတ်ချခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ဇနီးဖြစ်သူ မင်းသမီး Min Hyo Rin နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေပါ ဖြုတ်ချခဲ့တာကြောင့် ပရိသတ်တွေကြားမှာစိုးရိမ်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။ 

Instagram 

ပရိသတ်တွေက Taeyang တို့လင်မယားကြားမှာ ပြဿနာ တစ်စုံတစ်ရာများရှိနေလားဆိုပြီး စိုးရိမ်ထိန်လန့်ခဲ့နေကြပါတယ်။ ဇနီးသည် မင်းသမီး Min Hyo Rin ကတော့ မင်္ဂလာဓာတ်ပုံတွေကို မဖြုတ်ချရသေးပါဘူး။ 

Google

ဒါပေမယ့် Min Hyo Rin ဟာဆိုရင်လည်း လူမှုကွန်ရက်ပေါ်မှာ အချိန်အတော်ကြာပျောက်နေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက၂၀၁၈ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ပရိသတ်တွေ အားကျခဲ့ရတဲ့ စုံတွဲလေးဖြစ်ပေမယ့် ပရိသတ်တွေအရှေ့ ပြန်မပေါ်လာတော့တာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။ 

Google
Google
Google

အဆိုတော် Taeyang နဲ့  Min Hyo Rin တို့က ရင်သွေးလေးတစ်ဦးကို ရရှိပိုင်ဆိုင်ထားပြီး လက်ရှိအချိန်အထိအနုပညာအလုပ်တွေ မလုပ်ကြသေးတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ 

Google
Google

Taeyang တစ်ယောက် ပရိုဖိုင်ဓာတ်ပုံကို အနက်ရောက်ပြောင်းလိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်ကအကြောင်းအရာတွေအားလုံးကို ဖယ်ရှားပစ်လိုက်တာက solo comeback ကြောင့်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

Google

ဒါပေမယ့်လည်း မင်္ဂလာဓာတ်ပုံအထိ ဖျက်ပစ်ရတာက နောက်ထပ်အကြောင်း အရင်းတစ်ခုရှိနိုင်တယ်လို့ ခန့်မှန်းထားကြသူတွေလည်းရှိပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။