အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Kim Hyun-joong ဟာဆိုရင် မကြာသေးမီကသားဦးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ 

Google

အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ Kim Hyun-joong ရဲ့ပထမဦးဆုံးရင်သွေးလေးက သားဦးလေးဖြစ်တယ်လို့ သိရပါတယ်။ မင်းသား Kim Hyun-joong က အနုပညာလောကထဲက မဟုတ်တဲ့ ဇနီးဖြစ်သူနဲ့ လက်ထပ်ပြီး ၅ လအကြာမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ 

Google

Kim Hyun-joong နဲ့ ဇနီးဖြစ်သူတို့က ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တာမဟုတ်ဘဲ မင်္ဂလာလက်မှတ်သာ ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google

Kim Hyun-joong က သူ့ရဲ့သတို့သမီးလေးကို လူမြင်ကွင်းမှာ ဖော်ပြလေ့မရှိပါဘူး။ ပရိသတ်တွေကတော့ Kim Hyun-joong ရဲ့ ဇနီးလေးက အရမ်းချောမယ်ဆိုတာကို ယုံကြည်ထားပြီးသားဦးလေးကလည်း ဖအေတူလေးဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။ 

Google
Google
Google

ပရိသတ်တွေကတော့ ဖအေနဲ့လွဲခဲ့သမျှ သားလေးကို ချစ်ကြမယ်ဆိုပြီးအားခဲထားကြပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။