တောင်ကိုရီးယားမင်းသား Song Joong Ki ရဲ့ အေဂျင်စီဖြစ်တဲ့ High Zium Studio ကနေ မကြာသေးမီက ထွက်လာတဲ့ သတင်းတွေအပေါ် မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါအကြောင်းအရာကို My Daily ကနေအောက်တိုဘာလ ၂၉ ရက်နေ့က တယ်လီဖုန်းနဲ့ အင်တာဗျူးခဲ့တာဖြစ်ပြီး အေဂျင်စီဘက်ကနေ လုံးဝ မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 

Google

 Joong-ki နဲ့ Kim Tae-ri တွဲနေကြတယ်ဆိုတဲ့သတင်းက ဓာတ်ပုံတစ်ပုံကနေ စတင်ပြန့်နှံ့လာတာဖြစ်ပြီး အဆိုပါဓာတ်ပုံအကြောင်းအရာ အမှန်က Hyun Bin နဲ့ Son Ye Jin တို့ ဟန်းနီးမွန်း ခရီးစဉ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ 

Google

Song Joong Ki က လက်ရှိမှာ Hwaran ဇာတ်ကားရိုက်ကူးနေပြီး မကြာသေးမီကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “No dating on the set!” ဆိုတဲ့စာသားကို တင်ခဲ့ပါတယ်။ 

Google

ဆက်လက်ပြီးတော့ သတင်းအတုတွေ ပြန့်နှံ့လာတာကြောင့် မင်းသားရဲ့အေဂျင်စီဘက်က အခုလို တရားဝင်ထုတ်ပြန်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။