တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye Jin တို့ဟာဆိုရင် အနုပညာလောကမှာ အင်အားအကောင်းဆုံးစုံတွဲအဖြစ် ရပ်တည်နေတဲ့ သူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးကို ဒီဇင်ဘာလမှာ မွေးဖွားမယ်လို့အတည်ပြုပေးထားပြီး ရင်သွေးလေးကလည်း မမွေးခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။ 

Google

မကြာသေးမီက Naver Cafe ရဲ့ ဖော်ပြချက်အရ Hyun Bin နဲ့ Son Ye Jin တို့က အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်တဲ့ limited-edition အဆင့်မြင့်ဇိမ်ခံကားကြီးကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆင့်မြင့် ဇိမ်ခံကလေးတွန်းလှည်းလေးတစ်ခုကိုလည်း ကားအရောင်အတိုင်း ဝယ်ယူခဲ့တယ်လို့ Naver Cafe ရဲ့ဖော်ပြချက်အရသိရပါတယ်။ 

Google

အဆင့်မြင့်ဇိမ်ခံကားကြီးကို Hyun Bin က မျက်တောင်တစ်ချက်မခတ်ဘဲ ချက်ချင်းဝယ်ယူခဲ့တာကြောင့် မကြာခင်မွေးလာတော့မယ့်သားလေးနဲ့အတူ စီးဖို့ ဝယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ 

Google

ပရိသတ်တွေကလည်းမင်းသား Hyun Bin နဲ့ Son Ye Jin တို့ရဲ့ သားဦးလေးက အရမ်းကိုချောပြီးယောကျာ်းပီသမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

Google
Google

ပရိသတ်တွေရဲ့အချစ်ကို တဟုန်ထိုး သိမ်းကြုံးယူထားတဲ့ ကလေးလေးဟာ ဒီဇင်ဘာလမှာ လူ့လောကထဲရောက်လာမှာဖြစ်တာကြောင့် အခုအချိန်မှာ ပရိသတ်တွေအားလုံးအပါအဝင် ဖေဖေ Bin နဲ့ မေမေ Jin ကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။