တောင်ကိုရီးယား သရုပ်ဆောင် Song Joong-ki နဲ့ မင်းသမီး Kim Tae-ri တို့ရဲ့ ချိန်းတွေ့မှု ကောလဟာလတွေ အွန်လိုင်းမှာ ပြန်လည်ပျံ့နှံ့လျက်ရှိပါတယ်။ ကောလာဟလထွက်လာပြီးပြီးချင်းမှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေ ရရှိခဲ့သလို တချို့ ပရိသတ်တွေကလည်း အနုပညာရှင် နှစ်ဦးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိပါတယ်။ 

Google

မင်းသား Song Joong-ki နဲ့ မင်းသမီး Kim Tae-ri တို့ ချိန်းတွေ့နေကြတယ်ဆိုတဲ့ ကောလာဟလထွက်တာ အခုတစ်ခေါက်က ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးသားက Netflix ရဲ့ ရုပ်ရှင်ဖြစ်တဲ့ Space Sweepers မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လိုက်ဖက်မှုရှိလွန်းတာကြောင့် ပရိသတ်တွေက သဘောတူနေကြတာဖြစ်ပါတယ်။ 

Google
Google

ပြီးခဲ့တဲ့နှစ်က ဘူဆန်မှာ ကျင်းပတဲ့ Space Sweepers ရဲ့ ဇာတ်ကားမိတ်ဆက်ပွဲမှာလည်း Song Joong-ki က Kim Tae-ri ပွဲအခမ်းအနား မတက်ရောက်နိုင်ခဲ့တဲ့အပေါ် အထူးတလည်ပြောခဲ့ပါသေးတယ်။ Song Joong-ki ကအကယ်၍ ဒီပွဲမှာသာ Kim Tae-ri ရှိနေခဲ့ရင် အရမ်းကောင်းမှာပဲလို ခဏခဏ ပြောခဲ့တာကြောင့် ပရိသတ်တွေကသူတို့ နှစ်ဦး ဆက်ဆံရေးကို သံသယဝင်ခဲ့ကြတာဖြစ်ပါတယ်။ 

Google

မင်းသမီး Kim Tae-ri ကလည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက “Space Sweepers” နဲ့ ပတ်သက်တဲ့အင်တာဗျူးမှာလည်း Song Joong-ki က သူမရဲ့ ပတ်ဝန်းကျင်ကလူတွေကို သက်တောင့်သက်သာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ စကားပြောတဲ့နေရာမှာလည်း စီနီယာတစ်ယောက်လို မျိုး ပြောခဲ့ပေမယ့် Song Joong-ki ကလွတ်လွတ်လပ်လပ်ပြောဆိုဖို့ မှာခဲ့တာကြောင့် ပေါ့ပေါ့ပါးပါးပြောဆိုခွင့် ရခဲ့တယ်လို့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ 

Google
Google

Song Joong-ki နဲ့ Kim Tae-ri တို့က ဇာတ်ကားထဲမှာ လိုက်ဖက်လွန်းတဲ့အပြင် ဇာတ်ကားမိတ်ဆက်ပွဲတွေမှာပါထူးထူးခြားခြား ရင်းနှီးနေတာကြောင့် ပရိသတ်တွေက သူတို့ကို အမြဲမပျက်စောင့်ကြည့်နေတာဖြစ်ပါတယ်။ 

Google

ယမန်နေ့ညကလည်း သူတို့နှစ်ဦးနဲ့ ချိန်းတွေ့နေကြတယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အဆက်မပျက်ထွက်ရှိခဲ့ပါတယ်။ 

Google 

ကောလာဟလနဲ့အတူ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေက မမှန်ကန်တာကြောင့် ချိန်းတွေ့နေတယ်ဆိုတာကို သီးခြား အတည်မပြုနိုင်ပေမယ့် တောင်ကိုရီးယားက Netizen တွေကတော့ “သူတို့နှစ်ယောက် ချိန်းတွေ့ဖို့တကယ်ကို မျှော်လင့်ပါတယ်။” “သူတို့နှစ်ယောက်လုံး က ချစ်ဖို့ကောင်းပြီး လိုက်ဖက်တာပဲလေ “ ၊  “ဒီချိန်းတွေ့တဲ့ကောလာဟလတွေက အမှန်ဆိုရင် သူတို့လက်ထပ်ဖို့တောင် မျှော်လင့်ပါတယ်” စသဖြင့်အားပေးတဲ့ မှတ်ချက်တွေအများအပြားရေးထားကြပါတယ်။ 

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။