ပရိသတ်အချစ်တော် Beauty Blogger ဝင်းမင်းသန်းဟာဆိုရင် ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့သူဖြစ်ပါပြီး အမှန်တရားအတွက်ဆိုရင် ဘာကိုမှမကြောက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
မဝင်းမင်းသန်းကို အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံကြတာ ဖြစ်ပါတယ်။ အင်းစိန်အကျဥ်းထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လခန့်အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် ဒီကနေ့အောက်တိုဘာ၂၈ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်။
ဘာကြောင့်လွှတ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်ကိုတော့မသိရသေးပါဘူး။ ကျန်းမာရေးလည်း ကောင်းမွန်သလို ဒီကနေ့ ညပိုင်းမှာ အကျဉ်းဦးစီးဌာနဝန်ထမ်းအချို့က သူတို့ရဲ့နေအိမ်တွေကိုလိုက်ပါပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။