နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော်ပိုပိုဟာဆိုရင် ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပြီလို့သိရပါတယ်။ 

Photo credit to original uploader 

အဆိုတော် ပိုပို ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို မန်နေဂျာဖြစ်သူမှ အတည်ပြုပေးထားတာဖြစ်ပြီးလက်ရှိမှာ အဆိုတော်ပိုပိုက သူမရဲ့နေအိမ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

အဆိုတော်ပိုပိုဟာဆိုရင် အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီးပရိသတ်အခိုင်အမာရှိတဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Google

 အဆိုတော်ပိုပိုဟာဆိုရင်နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ဖမ်းဝရမ်း ထုတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် ညနေပိုင်းမှာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။