တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ဟာဆိုရင် မကြာသေးမီက သူမထက် အသက် ၁၀ နှစ်ပိုငယ်တဲ့ ချစ်သူကောင်လေးနဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာလည်း Gong Hyo-jin က လှဆဲနုပျိုနေဆဲဖြစ်ပြီး ကလေးတစ်ယောက်လိုမျိုးချစ်ဖို့ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ Gong Hyo-jin က သူမရဲ့ SNS  စာမျက်နှာပေါ်မှာ ဖခင်ကြီးကို ကလေးလေးတစ်ယောက်လိုမျိုး ချွဲနေတဲ့ ပုံလေးတင်ပေးလာပါတယ်။ 

Google
Google

Gong Hyo-jin က ဓာတ်ပုံလေးထဲမှာတောင် ကောက်ကြောင်းမပေါ်တဲ့ ဝတ်စုံလေးဝတ်ထားပြီး ချစ်ဖို့ကောင်းလွန်းနေပြီး ဆယ်ကျော်သက်လေး တစ်ယောက်လိုမျိုး နုပျိုနေဆဲ ဖြစ်နေပါတယ်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့အမူအယာလေးနဲ့ စွဲဆောင်မှုရှိတဲ့ပုံစံလေးက ပရိသတ်တွေကို ကြည်နူးသွားစေပါတယ်။ Gong Hyo-jin က လက်ထပ်ပြီးသွားတာတောင်မှ ကလေးလေးတစ်ယောက်လိုမျိုး ဖခင်ကြီးကို ချွဲနေပြီး ချစ်ဖို့အရမ်းကောင်းလွန်းနေပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Gong Hyo-jin နဲ့ အဆိုတော် Kevin Oh တို့က သူတို့ရဲ့လက်ထပ်ပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက နယူးယောက်မြို့မှာ  မိသားစုဝင်တွေနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ 

Google

သူတို့နှစ်ဦးက အသက် ၁၀ နှစ်ကျော်ကွာတာကြောင့် ပရိသတ်တွေ ကြားမှာ ချစ်ဖို့ကောင်းတဲ့ မနဲ့မောင်စုံတွဲလေးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။