တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် IU ဟာဆိုရင် မျက်နှာလေးက ချောမောရုံသာမက အသံလည်း အရမ်းကောင်းတဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ရတနာ တစ်ပါးလိုမျိုး တန်ဖိုးထားခြင်း ခံရတဲ့ IU ဟာ ဆိုရင် သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ အချစ်ခံရပြီး အားလုံးနဲ့ ရင်းနှီးမှုရှိတဲ့သူဖြစ်ပါတယ်။

Google
Google

လူတိုင်းရဲ့ အချစ်ကို ရရှိခံထားတဲ့ IU မှာ လူတိုင်းမသိသေးတဲ့အချက်တွေ ရှိပါသေးတယ်။ အဲဒါကတော့ သူမဆီမှာ သူမနဲ့ချွတ်ဆွတ်တူတဲ့ မောင်လေးတစ်ယောက်ရှိတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ IU ရဲ့မောင်လေးက နာမည်ကြီး ညီမလေးကို ပိုင်ဆိုင်ထားပေမယ့်လည်း လူသိခံရမှာကို မကြိုက်ဘဲ အစ်မဖြစ်သူက IU ဆိုတာကို လျို့ဝှက်ထားပါတယ်။ 

Google
Google

IU ကလည်း သူမရဲ့မောင်အရင်းဖြစ်သူက သူမကို မသိချင်ယောင်ဆောင်ခဲ့တဲ့အကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ မသိချင်ယောင်ဆောင်ကာ လျို့ဝှက်ထားပေမယ့် IU ရဲ့မောင်လေးနာမည်က Lee Jong Hoon ဖြစ်တာကြောင့် သိတဲ့သူတွေက မှတ်မိဖို့လွယ်ကူခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း IU ရဲ့မောင်လေးက သူ့အစ်မကို မသိချင်ယောင်ဆောင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Google

လူ ၄ ယောက် ၅ ယောက် ခန့်လောက်သာ IU ရဲ့မောင်လေး Lee Jong Hoon မှာ နာမည်ကြီးတဲ့ အဆိုတော် အစ်မရှိတယ်ဆိုတာ သိတယ်လို့ သိရပါတယ်။

Google

IU ရဲ့မောင်လေး ကိုယ်တိုင်ကလည်း အဆိုပါ လျို့ဝှက်ချက်ကို အချိန်အကြာကြီး ဖုန်းကွယ်ထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနာမည်ကြီး အဆိုတော် IU ရဲ့ လျို့ဝှက်ချက်လေး တစ်ခု အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။