တောင်ကိုရီးယားသရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးရဲ့ ရင်သွေးလေးကို ဒီဇင်ဘာလမှာ မွေးဖွားတော့မယ်လို့ သိရပါတယ်။အောက်တိုဘာလ ၂၇ ရက်နေ့မှာ SPOTV News မှာကြေညာချက်အရ Son Ye-jin နဲ့ Hyun Bin တို့ရဲ့ ရင်သွေးဦးလေးက သားလေးလို့သိရပါတယ်။ 

Google
Google

Hyun Bin နဲ့ Son Ye-jin တို့က ကိုယ်ဝန်ရှိနေပြီ ဖြစ်တဲ့အကြောင်းကို ဇွန်လ နောက်ဆုံးအပတ်မှာကြေညာပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးက သားလေးဖြစ်ကြောင်းကို မကြာသေးမီက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ကလေးမွေးဖွားမယ့်ရက်စွဲကို ဒီဇင်ဘာလဖြစ်မယ်လို့ သတ်မှတ်ထားပြီး မင်းသမီး Son Ye Jin က လက်ရှိမှာ ကလေးမီးဖွားဖို့အတွက် အာရုံစိုက်လျက်ရှိပါတယ်။ 

Google
Google

တောင်ကိုရီးယားနာမည်ကျော်ကြယ်ပွင့်တွေ ဖြစ်တဲ့ Hyun Bin နဲ့ Son Ye-jin တို့က လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပြီး လက်ထပ်တဲ့အချိန်မှာ ကမ္ဘာနဲ့ချီနဲ့ ချီပြီး အားပေးခြင်း ခံခဲ့ရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ Hyun Bin နဲ့ Son Ye-jin တို့ရဲ့ ချစ်စရာ သတင်းလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။