တောင်ကိုရီးယားမင်းသမီး Kim Min-hee ဟာဆိုရင် အချစ်ဦး မင်းသား Lee Soo Hyuk နဲ့လမ်းခွဲပြီး သူမထက်အသက် ၂၂ နှစ်ပိုပြီး ကြီးတဲ့ အိမ်ထောင်ရှိအမျိုးသားနဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။ Kim Min-hee က အချစ်ဦးမင်းသား Lee Soo Hyuk နဲ့လမ်းခွဲပြီးနောက်မှာ နာမည်ကြီးမင်းသားများစွာနဲ့ချစ်ကျွမ်းဝင်ခဲ့ပေမယ့် လည်း တွဲလက်တွေ ခိုင်မမြဲခဲ့ဘဲ လမ်းခွဲခဲ့ရပါတယ်။ မင်းသမီး Kim Min-hee နဲ့တွဲခဲ့ဖူးတဲ့ မင်းသားတွေက  Lee Soo Hyuk  ၊Lee Jung Jae နဲ့ Jo In Sung တို့ဖြစ်ပါတယ်။ 

Google
Google
Google
Google
Google
Google
Google

ချောမောခန့်ညားလွန်းတဲ့ မင်းသားများစွာနဲ့ တွဲခွင့်ရခဲ့တဲ့ မင်းသမီး Kim Min-hee ကို သူ့အခေတ် သူ့အခါကအားကျခဲ့ရတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားအကျရဆုံး ဖြစ်ခဲ့ရတာကတော့ မင်းသား Lee Soo Hyuk ပဲဖြစ်ပါတယ်။ 

Google

Kim Min-hee က မင်းသား Lee Soo Hyuk လူသိရှင်ကြားတွဲခဲ့တဲ့ ပထမဦးဆုံး ကောင်မလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၀၈ ခုနှစ်မှာ တွေ့ဆုံခဲ့ကြပြီး ချစ်စရာစုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးပါတယ်။ နှစ်ဦးသားက တစ်ယောက်အပေါ်တစ်ယောက်ကူညီရင်း နာမည်ရ အောင်မြင်လာပြီးတဲ့နောက်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google

Kim Min-hee တွဲခဲ့ဖူးတဲ့မင်းသားတွေက ချောမောခန့်ညားသလောက် လက်ရှိမှာတွဲနေတဲ့နောက်ဆုံးတစ်ယောက်ကတော့ မှတ်မှတ်ရရကို အံ့အားသင့်သွားစေပါတယ်။

Google

 Kim Min-hee ရဲ့ လက်ရှိချစ်သူက သူမထက် ၂၂ နှစ်ပိုကြီးတဲ့ ဒါရိုက်တာကြီး Hong Sang-soo ပဲ ဖြစ်ပါတယ်။ Hong Sang-soo က မိန်းမနဲ့ကလေးရှိတဲ့သူဖြစ်ပြီး Kim Min-hee နဲ့ယှဉ်ရင် အရမ်းအသက်ကွာပါတယ်။ 

Google

ပရိသတ်တွေက Kim Min-hee ကို နှမြောလွန်းတာကြောင့် နှစ်ဦးသားလမ်းခွဲကြဖို့ကိုမျှော်လင့်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ Kim Min-hee က ချစ်ရတဲ့သူကြောင့် အနုပညာလှုပ်ရှားမှုကနေ နှုတ်ထွက်ခဲ့ပါတယ်။

Google

 ချစ်သူတွေ အများကြီး ရှိခဲ့ပေမယ့်လည်း မထင်မှတ်ထားတဲ့အချစ်ကိုရွေးချယ်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Kim Min-hee ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။