တောင်ကိုရီးယားမင်းသမီး Kim Tae Hee နဲ့ သရုပ်ဆောင် Rain တို့ဟာဆိုရင် လူတိုင်းအားကျရတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အချင်းချင်း ချစ်ကြိုက်ခဲ့ကြလို့ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ထပ်ပြီးနောက်မှာလည်း သာယာပျော်ရွှင်စရာ အချိန်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တစ်ခါမှ သတင်းဆိုးတွေ မထွက်ဖူးတဲ့ Kim Tae Hee နဲ့ Rain တို့ဟာ မကြာသေးမီက ဖောက်ပြန်သတင်း ကောလာဟလထွက်ရှိခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ Kim Tae Hee က အရင်တုန်းကထက်ပိုပြီး ပိန်သွယ်နေတဲ့ ပုံရိပ်ကြောင့် တစ်ခုခု အဆင်မပြေများ ဖြစ်နေလားဆိုပြီး မေးခွန်းထုတ်ခြင်းတွေ ခံနေရပြန်ပါတယ်။
Kim Tae Hee အရင်ကထက်ပိန်နေတဲ့ပုံကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ မင်းသမီးကြီး Kim Mi Kyung က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ မင်းသမီးကြီး Kim Mi Kyung နဲ့ Kim Tae Hee တို့ကကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြသူတွေဖြစ်ပြီး သားအမိလို့တောင် နာမည်ပြောင်ပေးခြင်း ခံထားရတာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း မင်းသမီးကြီး Kim Mi Kyung ရဲ့မွေးနေ့မှာ Kim Tae Hee က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။
Kim Tae Hee က မကြာသေးမီက ခင်ပွန်းဖြစ်သူ Rain နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ရင်ဆိုင်ခဲ့ရတာကြောင့် စိတ်အခြေအနေ ဆိုးရွားနေပြီး မျက်နှာက အရင်ကထက်ပိုပြီး ပိန်လှီလာတာဖြစ်တယ်လို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။