စိုစွတ်တဲ့ အပူပိုင်းဒေသ တောအုပ်ထဲမှာ သစ်ပင်-သားပိုက်ကောင်တစ်ကောင်ကို အမှန်တကယ်မြင်တွေ့ရရင် သင်ဟာ ကံကောင်းပါတယ်။ သားပိုက်ကောင်ရှိနေတယ်ဆိုတဲ့ တစ်ခုတည်းသောသက်သေမှာ အရွက်များနှင့် အကိုင်းအခက်များ ရုတ်တရက်ပြိုကျခြင်းဖြစ်ပြီး အလွန်ရှက်တတ်တဲ့ သစ်ပင်-သားပိုက်ကောင်ဟာ မြင့်တဲ့နေရာကနေ ပုန်းလျှိုးကွယ်လျှိုးခုန်ချကာ ချုံပုတ်ထဲကို ပြေးသွားတတ်ပါတယ်။

Wet Tropics ဟာ Lumholtz's နဲ့ Bennett's သစ်ပင်-သားပိုက်ကောင် တို့ရဲ့ အိမ်ဖြစ်ပါတယ်။ မျိုးနွယ်နှစ်ခုစလုံးဟာ 60 စင်တီမီတာထက်မပိုပေမယ့်လည်း သူတို့ရဲ့အမြီးများဟာ တစ်မီတာနီးပါးရှည်ပါတယ်။ သူတို့အချိန်အများစုမှာ သစ်ရွက်များနှင့် အသီးအနှံများကို စားသုံးပြီး မြက်ခင်းပြင်မှာ ကုန်ဆုံးကြပါတယ်။

Lumholtz's သစ်ပင်-သားပိုင်ကောင်

Lumholtz သစ်ပင်-သားပိုက်ကောင် (Dendrolagus lumholtzi) ဟာ တောင်ပိုင်း စိုစွတ်တဲ့ အပူပိုင်းဒေသရှိ Kirrama အကြား မြင့်မားတဲ့ အမြင့်မှာနေကြပါတယ်။ အများစုဟာ စိုစွတ်တဲ့ အပူပိုင်းဒေသ မြောက်ပိုင်းရှိ Daintree မြစ်အထိ နေထိုင်ကြပါတယ်။ သူတို့ဟာ ပုံမှန်ဆို အထီးကျန် တိရစ္ဆာန်ဖြစ်ပြီး လေး‌ကောင်အထိ အုပ်စုငယ်များကို တစ်ခါတစ်ရံမှာ မြင်တွေ့နိုင်ပါတယ်။ ကလေးတစ်ကောင်ပဲ မွေးထုတ်ပြီး တိကျတဲ့ မျိုးပွားရာသီ မရှိပုံပါပဲ။

Bennett's သားပိုက်ကောင်

Lumholtz သစ်ပင်-သားပိုက်ကောင်ထက် အနည်းငယ်ပိုကြီးတာဟာ Bennett သစ်ပင်-သားပိုက်ကောင် (Dendrolagus bennettianus) ဖြစ်ပါတယ်။ သူတို့ဟာ ဒင်းထရီမြစ်ရဲ့မြောက်ဘက် အမြင့်နှင့် အနိမ့်အမြင့် ကီလိုမီတာ 70 နှင့် 50 ကီလိုမီတာခန့်သာရှိတဲ့ ဧရိယာမှာ နေထိုင်ပါတယ်။ သစ်ပင်-သားပိုက်ကောင် မျိုးနွယ်ဟာ ယနေ့ချိန်မှာဆို စုစုပေါင်း ၈ မျိုးရှိပါတယ်။

သတင်းအရင်းမြစ်: wet tropics

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။