တောင်ကိုရီးယားအဆိုတော်အဖွဲ့ BLACKPINK ရဲ့စင်မြင့်ပေါ်က ပုံရိပ်လေးတွေ ပရိသတ်တွေကြားမှာ ပြန့်နှံ့လာခဲ့ပါတယ်။ အဆိုပါဗီဒီယိုထဲမှာ Jennie က “Born Pink” ဖျော်ဖြေရေး စင်မြင့်ထက်မှာ ရှိနေတာဖြစ်ပြီး စင်မြင့်ပေါ်မှာ ပိုက်ကွန်ကြီးတစ်ခုနဲ့ငြိနေတာဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်က ချက်ချင်းဆိုသလို ပဲ ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။

Jennie က စင်မြင့်ထက်ဆီမှာ မာန်ပါပါနဲ့ဖျော်ဖြေနေစဉ်မှာ အပေါ်ကနေ ပိုက်ကွန်လိုမျိုး ကြိုးစတွေ ရုတ်တရက်ကျလာပြီး တစ်ကိုယ်လုံးကို အုပ်သွားတာဖြစ်ပါတယ်။ Jennie ကိုယ်တိုင်က ပိုက်ကွန်ကြားမှာ ငြိတွယ်နေပြီး အခက်အခဲဖြစ်နေတဲ့ ပုံရိပ်ကြောင့် ပရိသတ်တွေက စိုးရိမ်ထိတ်လန့်နေခဲ့တာဖြစ်ပါတယ်။



အဆိုပါ ဖြစ်ရပ်ကို Jennie ကိုယ်တိုင်က ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လျို့ဝှက်ထားခဲ့တာကြောင့် ပြန့်နှံ့လာတဲ့ ဗီဒီယိုကြောင့်သာ ပရိသတ်တွေက သိရှိခဲ့ကြတာဖြစ်ပါတယ်။
JENNIE GETTING STUCK IN CONFETTI @BLACKPINK #BLACKPINKWorldTour2022 #blackpinkdallas #BLACKPINK_WORLDTOUR #BLACKPINK_BORNPINK pic.twitter.com/uR0SS7NXOi
— Jeffrey Roy Uncad (@jeffreyuncad) October 26, 2022
ဗီဒီယိုအောက်မှာ ပရိသတ်တွေက Jennie အတွက် အန္တရာယ်များလိုက်တာ။ အောက်ကိုပြုတ်ကျသွားနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။