Girls’ Generation အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sooyoung နဲ့ Jung Kyungho တို့ဟာဆိုရင် မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ အချိန်ကြာမြင့်စွာ ချစ်နေကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ 

Google

သူတို့နှစ်ဦးက ၂၀၁၂ ခုနှစ်ကတည်းက တွဲခဲ့ကြတဲ့စုံတွဲလေးဖြစ်ပြီး စတွဲတဲ့အချိန်ကတည်းက လူသိရှင်ကြား တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သူတို့နှစ်ဦးသား တွဲနေခဲ့ကြတာ အချိန် ၁၀ နှစ်ကျော်တောင် ကြာသွားပြီပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြားဆိုသလို အိုင်ဒေါတွေ ချိန်းတွေ့ကြရင် ကန့်ကွက်ကြတဲ့ သူတွေ များပေးမယ့် သူတို့စုံတွဲလေး နှစ်ဦးကိုတော့ သဘောတူတဲ့ ပရိသတ်က ပိုများပါတယ်။ ချက်ချင်း လက်ထပ်ကြတော့ဖို့တောင် ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ 

Google

Girl Generation အဖွဲ့ဝင် Sooyoung က အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်းသား Jung Kyungho က ၃၉ နှစ်အရွယ်ရှိပြီပဲ ဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ယောက်က အသက် ၇ နှစ်တိတိ ကွာတဲ့ ကိုကြီးတဲ့ ညီမလေး စုံတွဲဖြစ်ပါတယ်။

Google
Google

ဆယ်စုနှစ်ကျော်ကြာတဲ့အထိ မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ ချစ်ခင်ဆဲ ကြင်နာနေကြဆဲဖြစ်တဲ့ တောင်ကိုရီးယား အနုပညာရှင်စုံတွဲလေး ၂ ယောက်အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။