နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့ ချန်ဂင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးကြီး လီယောင်အေးဟာဆိုရင် မကြာသေးမီက ခင်ပွန်းဖြစ်သူနဲ့အတူ အခမ်းအနားပွဲကို အတူတက်ရောက်ခဲ့ပါတယ်။

Google

လီယောင်အေးနဲ့သူမရဲ့အမျိုးသားတို့က အသက် ၂၀ နှစ်တိတိကွာပြီး ခင်ပွန်းဖြစ်သူက သူမထက်အသက်ပိုကြီးပါတယ်။ လီယောင်အေးက လက်ထပ်ပြီးတဲ့အချိန်ကနေ စတင်ပြီး ခင်ပွန်းဖြစ်သူရဲ့ပုံရိပ်ကို ပရိသတ်တွေဆီကို ချပြလေ့မရှိပါဘူး။ လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူပုံရိပ်က ရှားရှားပါးပါးမြင်ကွင်းဖြစ်တာကြောင့် ပရိသတ်တွေက များစွာ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက ပွဲအခမ်းအနားတွေကိုလည်း အတူတကွ တက်ရောက်လေ့မရှိတာကြောင့် အတူတကွ ပွဲတက်တဲ့ ပုံရိပ်က အရမ်းကို ရှားပါတယ်။ လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူက လက်ရှိမှာ အသက် ၇၀ ကျော်အရွယ် ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google
Google

လီယောင်အေးက သူမထက်အသက် ၂၀ ကျော်အရွယ်ပိုကြီးတဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အမွှာလေး နှစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူနာမည်က Jung Ho Young ဖြစ်ပြီး Hyundai Group အရောင်းဌာနရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။ 

Google
Google

လီယောင်အေးက နာမည်ကြီးတဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း ချမ်းသာကြွယ်ဝတဲ့သူဖြစ်တာကြောင့် သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို အားကျတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။

Google

တောင်ကိုရီးယား နာမည်ကြီး မင်းသမီးကြီး လီယောင်အေးရဲ့ ခင်ပွန်းဖြစ်သူရဲ့ ရှားမှရှားပုံရိပ်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။