တောင်ကိုရီးယားသရုပ်ဆောင် Rain နဲ့ Kim Tae Hee တို့စုံတွဲရဲ့ စီးပွားရေးသတင်းတစ်ခု ဟာဆိုရင် ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရ Rain ဝယ်ယူထားတဲ့ ဆိုးလ်မြို့၊Seocho-dong မှာရှိတဲ့ Samyoung အဆောက်အဦကြီးကို ရောင်းဖို့အတွက် အရောင်းတင်ထားတယ်လို့သိရပါတယ်။ 

Google

အဆိုပါအဆောက်အဦးကြီးထဲမှာ မြေအောက်ခန်း ၂ ခန်းနဲ့ မြေညီထပ် ၈ ခုပါဝင်ပြီး အရေပြားဆေးခန်း ၊ သွားဆေးခန်း ၊ အထွေထွေဆေးခန်း နဲ့ ကော်ဖီဆိုင်တွေလည်း ပါဝင်ပါတယ်။ အဆိုပါ အဆောက်အဦကြီး ငှားခက ၁လကို သန်း၂၀၀ ဝန်းကျင်ရှိပြီး သာမန်အဆောက်အဦတစ်ခု မဟုတ်ဘူးလို့ သိရပါတယ်။ 

Google

Rain က အဆိုပါအဆောက်အဦကြီးကို ဝမ် ၁၄၀ ဘီလီယံ နဲ့ ရောင်းချချင်တာဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ယူခဲ့တဲ့ မူရင်းဈေးက ၉၂ ဘီလီယံပဲရှိပါတယ်။အရောင်းသာတည့်သွားမယ်ဆိုရင် Rain က အမြတ်ငွေ သန်း၅၀နီးပါးရရှိမှာဖြစ်ပါတယ်။ နေရာအကွက်အကွင်းကောင်းကောင်းကို သေချာဝယ်ယူနိုင်တဲ့ Rain ရဲ့ စီးပွားရေးအမြင်ကတော့ လုံးဝကိုအံ့သြစရာ ကောင်းလွန်းလှပါတယ်။

Google

အခုတစ်ခေါက်အရောင်းအဝယ်သာအဆင်ပြေသွားမယ်ဆိုရင် Rain က တောင်ကိုရီးယားမှာ ဝင်ငွေအများဆုံး အိမ်အရောင်းအဝယ် လုပ်ငန်းရှင်ကြီးဖြစ်လာမှာပါ။ တောင်ကိုရီးယား သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့က အိမ်အရောင်းအဝယ်လုပ်ငန်းစုကနေ ဝင်ငွေများစွာ ရရှိနေတာဖြစ်ပြီး တောင်ကိုရီးယားမှာ အချမ်းသာစုံး အနုပညာရှင်စုံတွဲအဖြစ် ရပ်တည်နေကြတာဖြစ်ပါတယ်။ 

Google
Google

မကြာသေးမီကလည်း Rain ဖောက်ပြန်နေတဲ့ သတင်းတွေ ထွက်ရှိခဲ့ပြီး အဆိုပါ သတင်းတွေကို အချိန်မီ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ကောလာဟလတွေ ထွက်ပြီးနောက်မှာ အခုသတင်းက Rain နဲ့ Kim Tae Hee တို့ စုံတွဲအတွက်ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတဲ့ သတင်းကောင်းလေးဖြစ်ပါတယ်။

Source - Kbizoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။