အင်ဒိုနီးရှားနိုင်ငံ ၊ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်သွားမယ့် ( ၁၀ ) နှစ်မြောက် Miss Grand International 2022 အလှမယ်ပြိုင်ပွဲရဲ့နောက်ဆုံး Final Show ကို မကြာခင်မှာ ကျင်းပ ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။ ကျင်းပပြုလုပ်သွားမယ့်အချိန်က မြန်မာစံတော်ချိန်နဲ့ဆို ညနေ ၆ နာရီခွဲအချိန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 

Google

နိုင်ငံပေါင်း ( ၆၈ ) နိုင်ငံမှ ကိုယ်စားပြုအလှမယ်များစွာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ထိုင်း- မြန်မာ ကပြားမလေး မီးမီး(ခ) အိအိအောင်ထွန်း မှ မြန်မာကိုယ်စားပြု အနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Google

မြန်မာကိုယ်စားပြု အလှမယ် " အိအိအောင်ထွန်း " ဟာဆိုရင် National Costume ယှဥ်ပြိုင်မှုမှာ ဝတ်ဆင်ယှဥ်ပြိုင်ခဲ့တဲ့ Burmese Mark costume မှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် Top 5 စာရင်းအထိ ပါဝင်နိုင်ခဲ့ပါတယ်။ 

Google

ထပ်မံပြီးတော့လည်း Miss Grand International 2022  Final Show  ရဲ့ Winner ဖြစ်လာမှာလားဆိုတာကိုပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။