MISS A အဖွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဆူဇီက သီချင်းဆို ၊ သရုပ်ဆောင်ပြီး အနုပညာမျိုးစုံနဲ့ စွမ်းဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လူတွေရဲ့ နှလုံးသားကို ကြွေကျချင်စရာကောင်းလောက်အောင်လည်း ချောမောလှပတဲ့ သူလေးလည်းဖြစ်ပါတယ်။


အနုပညာလောကထဲမှာ ရေပန်းစားပြီး အောင်မြင်မှုတွေရခဲ့တဲ့ သူမဟာ အသက် 26 နှစ်အရွယ်မှာ ကမ္ဘာ့အချမ်းသာဆုံး မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ ကိုယ်ပိုင်ဘဝကို ကြည့်လိုက်ရင် သူမဟာ အိမ်ခြံမြေ၊ ကွန်ဒိုတွေ၊ လုပ်ငန်းတွေမှာ ဒေါ်လာသန်းပေါင်းများစွာနဲ့ ရင်းနှီးမြှုပ်နှံတဲ့ နေရမှာလည်း တွေ့နိုင်ပါတယ်။ သူမရဲ့ အိမ်မှာ အလှဆင်ထားတဲ့ ပရိဘောဂတစ်ခုစီတိုင်းကလည်း သူရဲ့ဂုဏ်သိက္ခာ၊ ဇိမ်ခံမှု၊ ခေတ်မီသန်းကြွယ်သူဌေးတွေနဲ့ ပြည့်နှက်နေပါတယ်။ လတ်တလောမှာတော့ Suzy ဟာ မှန်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မှာ ပုံလေးတင်ခဲ့ပါတယ်။


သူမရဲ့ အလှတရားတွေအပြင် ပရိသတ်တွေက စမှန်တွေနဲ့ ဆိုဖာတွေကိုလည်း အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ သတင်းတွေအရ လှပတဲ့ အဖြူရောင်ဆိုဖာကြီးက $8,529 (မြန်မာငွေ သိန်း ၂၀၀ နီးပါး)အထိ ရှိပြီး မှန်ကြီးကလည်း $10,000 (မြန်မာငွေ သိန်း ၂၀၀ ကျော်)အထိ တန်ကြေးရှိပါတယ်။


လက်ဝတ်ရတနာလေးတစ်ခုတောင်မှ ဒေါ်လာသောင်းချီတန်တဲ့ ကောင်မလေးက ပရိဘောဂတွေကို ကားတစ်စီးစာ တန်ဖိုးနဲ့ ညီတဲ့ ပမာဏတွေကို ဝယ်ပြီးသုံးနိုင်တာတော့ မထူးဆန်းတော့ပါဘူး။


သတင်းအရင်းမြစ်: Popular.com
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။