တောင်ကိုရီးယားမင်းသမီး Choi Kang-hee ဟာဆိုရင် တစ်ချိန်တစ်ခါက ဇာတ်လမ်းတွဲပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ နာမည်ထိုးကျပြီး အချိန်ပိုင်းအလုပ်အထိ လုပ်နေရကြောင်းဝန်ခံခဲ့ပါတယ်။

Google

Choi Kang-hee က အခုအကြောင်းအရာကို Wiracle Taxi 2 မှာ ပြောပြခဲ့တာဖြစ်ပါတယ်။ Choi Kang-hee က သူမရဲ့ သူငယ်ချင်း Kim Sook ဆီမှာ လည်း အိမ်အကူအဖြစ် အချိန်ပိုင်းအလုပ်လုပ်နေတယ်လို့ဝန်ခံခဲ့ပြီး အချိန်က ညနေ ၅ နာရီကနေ ၁၀ နာရီအထိဖြစ်ကြောင်း ၊ လုပ်ခအနေနဲ့ တစ်နာရီကို ဝမ် ၁ သောင်းရကြောင်း ဆိုပါတယ်။ Choi Kang-hee က သူမကိုယ်တိုင်လည်း ပန်းကန်ဆေးရတာနဲ့ အိမ်ရှင်းရတာကို ဝါသနာပါတာကြောင့် အချိန်ပိုင်းအလုပ်လုပ်နေရတာကို ပျော်ကြောင်းဆိုပါတယ်။ 

Google

Choi Kang-hee က ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့သူဖြစ်တာကြောင့် အရက်တွေ အလွန်အကြံသောက်မိကြောင်း ၊ အရက်သောက်မှ ကတာနဲ့ စကားပြောတာမျိုးတွေ လုပ်နိုင်ကြောင်း ၊ သူမဘဝရဲ့ကံဆိုးမှုတွေကလည်အမြဲလိုလို ပြည့်နေတာကြောင့် ဘဝကြီးကို ဆိုးဆိုးရွားရွားနေမိကြောင်း ထပ်ဆောင်းပြောခဲ့ပါတယ်။ Choi Kang-hee က လက်ရှိမှာ အချိန်ပိုင်း အိမ်အကူအလုပ်သာမက စားသောက်ဆိုင်မှာလည်း ပန်းကန်ဆေးတာကအစ သန့်ရှင်းရေး အကူအလုပ်တွေအားလုံး လုပ်ဆောင်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ 

Google

Choi Kang-hee က ၁၉၉၅ ခုနှစ်မှာ ‘Reporting a New Generation – Adults Don’t Know’ ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး ပွဲဦးထွက်ကတည်းက တဟုန်ထိုး နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google

Choi Kang-hee က ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ဆုတွေလည်းရရှိဖူးတဲ့သူဖြစ်ပါတယ်။ Choi Kang-hee က စိတ်ကျရောဂါခံစားနေရတဲ့သူလို့ ကိုယ့်ကိုယ်ကိုဝန်ခံခဲ့ပြီး စိတ်ကျရောဂါကို ကျော်လွှားဖို့အတွက် အရက်အပြင် ဆေးလိပ်ကိုပါ သောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း ချက်စ်ကျောင်း မှန်မှန်တက်ရင်းနဲ့ သူမရဲ့ မကောင်းတဲ့ အကျင့်တွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ အင်တာဗျူးမှာ ပြန်ပြီး ဖြေခဲ့ပါတယ်။ 

Google

Choi Kang-hee က တစ်ချိန်တစ်ခါက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့သူဆိုပေမယ့် လက်ရှိအချိန်မှာ သရုပ်ဆောင်အလုပ်က သူမအတွက် အောင်မြင်မှုတွေ ဆောင်ကျဉ်းမပေးနိုင်တော့တာကြောင့် အခုလိုမျိုး ဝါသနာပါတဲ့ အလုပ်ကို ပြောင်းလဲလုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Google

ပရိသတ်တွေ အားလုံးကတော့ Choi Kang-hee ရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်နေပြီး နာမည်ကြီး မင်းသမီးတစ်ယောက်က အခုလိုမျိုး အချိန်ပိုင်း အကူ လုပ်နေတာကို လုံးဝ မယုံကြည်နိုင်ဘူးလို့ ဆိုထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။