Netflix ရဲ့ ဇာတ်လမ်းအသစ်ဖြစ်တဲ့ “20th Century Girl” ဟာဆိုရင် တောင်ကိုရီးယားလူငယ်တွေကြားမှာ မထင်မှတ်ထားတဲ့ စံချိန်နဲ့ထိပ်ဆုံးမှာပြေးနေပါတယ်။ 

Google

အောက်တိုဘာလ ၂၅ ရက်နေ့တုန်းက FlixPatrol ရဲ့ ကြေညာချက်အရ 20th Century Girl က Netflix Global မှာ နံပါတ် ၅ နေရာရောက်ရှိခဲ့ပြီး Korea နဲ့ Japan မှာ နံပါတ် ၁ နေရာကိုရောက်ရှိခဲ့ပါတယ်။ နိုင်ငံအလိုက် rankings မှာလည်း Guatemala ၊ Honduras ၊ Hong Kong ၊ Indi ၊  Indonesia ၊ Malaysia ၊ Peru ၊ Philippines ၊ Saudi Arabia ၊ Singapore ၊ Taiwan နဲ့ Thailand တို့မှာ နံပါတ် ၁ နေရာရရှိနေပြီ တော်တော်လေး အားရဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်နေပါတယ်။ 

Google

20th Century Girl ဇာတ်လမ်းလေးက ၁၉၉၉ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ် ကျောင်းသူမလေးတစ်ယောက်ရဲ့ လွမ်းဆွတ်တမ်းတဖွယ် ၊ ကြည်နူးပျော်ရွှင်ဖွယ် ၊ အချစ်ဇာတ်လမ်းလေးကို ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘိုရာလို့ခေါ်တဲ့ကောင်မလေးက နှလုံးခွဲစိတ်မှုလုပ်ရမယ့် သူငယ်ချင်းဖြစ်သူသဘောကျနေတဲ့ကောင်လေးအကြောင်းကို စုံစမ်းပေးရင်း မထင်မှတ်ထားတဲ့ အလွဲလေးတွေ ဖြစ်သွားတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန် လှလှပပနဲ့အချိန် ၂ နာရီအတွင်းမှာ ပြည့်ပြည့်စုံစုံ ပြသသွားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ။ 

Google

နူးညံ့သလောက် ရင်ဘက်ထဲမှာထိရှမှု ပြင်းထန်လွန်းတဲ့ ဇာတ်လမ်းဖြစ်တဲ့အပြင် အချစ်ဦးဆိုတဲ့ ခံစားချက်ကိုပါ ထိထိမိမိ ဖော်ပြနိုင်ခဲ့တာကြောင့် ပြသပြီးတဲ့အချိန်မှာ နိုင်ငံပေါင်းစုံမှာ ထိပ်တန်းနေရာမှာ ရပ်တည်နေလျက်ရှိပါတယ်။ မကြည့်ရသေးတဲ့သူတွေကြည့်ကြမယ်ဆိုရင် ဘေးနားမှာ တစ်ရှူးတစ်ထုပ် ဆောင်ပြီး ကြည့်ဖို့တိုက်တွန်းရင်း 20th Century Girl ရဲ့အောင်မြင်မှုလေးအကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။